Wednesday, September 4, 2013

တွက်ကြမယ် .. :P


- ၁ကနေ ၁၁ အထိ နံပါတ် တပ်ထားပါ။
- ၁ နဲ့ ၂ မှာ သင်အကြိုက်ဆုံး ဂဏန်း ၂ခုကို ရေးပါ။
- ၃ နဲ့ ၇ မှာ ဆန့်ကျင်ဘက်လိင် နှစ်ယောက် နာမည်ကို ရေးပါ။ (ဥပမာ - သင်က မိန်းကလေးဆိုရင် ယောက်ျားလေး နှစ်ယောက်နာမည်ပေါ့ ။။)
- ၄ ရယ် ၊ ၅ ရယ် ၊ ၆ ရယ် မှာ သင်ရေးချင်တဲ့သူ ၃ယောက်အမည်ကိုရေးပါ။ (သူငယ်ချင်းတွေပဲ ဖြစ်ဖြစ်၊ မိသားစုဝင်တွေပဲ ဖြစ်ဖြစ်ပေါ့)
- ၈၊ ၉၊ ၁၀၊ ၁၁ မှာတော့ သီချင်း ၄ပုဒ် နာမည်တွေကိုရေးလိုက်ပါ။



ကဲ အဖြေကိုပြောတော့မယ်နော် ....။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
- နံပတ် ၁ ရယ် ၂ရယ်က ဂဏန်းတွေက သင့်အတွက် ကံကောင်းစေမယ့် ဂဏန်းတွေပါတဲ့။
- နံပါတ် ၃ မှာ ရေးထားတဲ့သူက သင်ချစ်နေတဲ့သူပါ။
- နံပါတ် ၇ မှာ ရေးထားတဲ့သူက သင်သဘောကျတဲ့သူပေါ့ ..။ ဒါပေမယ့် သူနဲ့က သိပ်အဆင်ပြေလှတာမျိုးတော့ မဟုတ်ဘူး။
- နံပါတ် ၄ မှာ ရေးထားတဲ့သူက သင့်ကို ဂရုအစိုက်ဆုံးသူတဲ့ ...။
- နံပါတ် ၅ ကလူကတော့ သင့်အကြောင်း ကောင်းကောင်းသိတဲ့လူ ဆိုပဲ ...။
- နံပါတ် ၆ က တစ်ယောက်ကကျတော့ သင့်ကို ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် သူတဲ့ ....။
- နံပါတ် ၈ က သီချင်းက နံပါတ် ၃ ကသူနဲ့ သက်ဆိုင်တဲ့သီချင်း ..။
- နံပတ် ၉ က သီချင်းကတော့ နံပါတ် ၇က သူနဲ့ သင်ဆိုင်ပါတယ်တဲ့ ...။
- နံပါတ် ၁၀ ကတော့ သင့်စိတ်ကို ထင်ဟပ်နေတဲ့ သီချင်းပါ ...။
- နံပါတ် ၁၁ က သီချင်းကတော့ သင့်အချစ်ရေးအပေါ်မှာထားတဲ့ စိတ်အနေအထားကို ထင်ဟပ်စေတဲ့ သီချင်းလေးပါ ...။

(ဒါလေးက တော်တော်တော့ ရိုးစင်းပါတယ် ...။ ကလေးလဲ ဆန်ပါတယ် ...။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ ...။ မသိသေးတဲ့သူငယ်ချင်းတွေ အပျော်သဘော လုပ်ကြည့်ချင်တယ်ဆိုရင် ရအောင် တင်ပေးလိုက်တာပါ ...။)

ဖတ်ပေးတဲ့အတွက်ကျေးဇူးနော် ...။
အလင်္ကာမေကျော်

No comments:

Post a Comment