ဒါလေးတွက်ဖို့တော့ Calculator လိုအပ်မယ် ထင်တယ်နော် ...
ကွန်ပျူတာက Calculator လေးဖွင့်ပြီး တွက်ကြတာပေါ့ ...။
၁) သင်မွေးတဲ့လ နံပါတ် ကို ၄ ဖြင့်မြှောက်ပါ။ (မွေးလနံပါတ်ဆိုတာ Jan=>1, Feb=>2, .....ကိုပြောတာပါ)
၂) ရတဲ့အဖြေကို ၁၃ဖြင့် ပေါင်းပါ။
၃) ရတဲ့အဖြေကို ၂၅ဖြင့် ထပ်မြှောက်ပါ။
၎) ရတဲ့အဖြေထဲက ၂၀၀ ကို နှုတ်လိုက်ပါဦး။
၅) သင်မွေးတဲ့ရက်ကို ထည့်ပေါင်းလိုက်ပါ။
၆) ၂ ဖြင့်ထပ်မြှောက်ပါ။
၇) ထိုအထဲမှ ၄၀ နှုတ်ပါ။
၈) ၅၀နဲ့ ထပ်မြှောက်လိုက်ပါဦး။
၉) ပြီးတော့ ... သင်မွေးတဲ့နှစ်ရဲ့ နောက်ဆုံး နှစ်လုံးကို ထည့်ပေါင်းပါ။ (ဥပမာ - ၁၉၉၀ မွေးရင် ၉၀ ကိုယူပေါ့)
၁၀) ရတဲ့အဖြေထဲက ၁၀၅၀၀ ကိုနှုတ်လိုက်ပါ ....
ကဲ .... ဘာများတွေ့ရှိရပါသလဲ ...
(တစ်ခုခု ထူးခြားတာတွေ့ရင် Like လေး တစ်ချက်လောက်နှိပ်ပေးပါနော်
(အလင်္ကာမေကျော်)
No comments:
Post a Comment