Wednesday, September 4, 2013

သဲကန္တာရထဲကို သွားရအောင် ^_^


သင်ဟာ သဲကန္တာရတစ်ခုကို ခရီးသွားနေတယ် ဆိုကြပါစို့။ သင်နဲ့အတူ (ခြင်္သေ့၊ သိုး၊ မျောက်၊ နွား၊ မြင်း) စတဲ့ တိရစ္ဆာန် ငါးကောင် ပါလာသတဲ့ ...။ သင်ဟာ သွားရင်း သွားရင်းနဲ့ အတော်မောပန်းနေပြီ .. ရေကလဲ တဖြည်းဖြည်းကုန်စပြုနေပြီ ...။

သင်ရယ်၊ သင့်တိရစ္ဆာန်တွေအားလုံးရယ် အတွက် ရေ မလုံလောက်နိုင်တော့ဘူး ...။ ရေကုန်သွားရင်တော့ သဲကန္တာရထဲမှာ အားလုံး သေကုန်ကြမှာလေ ...။

အဲတော့ ဘာလုပ်သင့်သလဲ စဉ်းစားရင်းနဲ့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သတဲ့ ....။ ကျန်တဲ့သူတွေ အကုန်အသက်ရှင်နိုင်ဖို့ တိရစ္ဆာန်တစ်ကောင်ကို ချန်ခဲ့မယ်ပေါ့လေ ...။
ဘယ် တိရစ္ဆာန်ကို သင်ထားခဲ့မှာပါလဲ ...။ (စာရွက်မှာ နံပါတ်တပ်ပြီး ရေးမှတ်ထားလိုက်ပါ)
.
.
.
မိုင်တော်တော်များများ ဆက်လာရင်း လာရင်းနဲ့ ကန္တာရက ပိုပူလာတယ် ...။ သဲတွေက မျက်စိတဆုံးပဲ ...။ ရေကလဲ ပိုနည်းလာသတဲ့ ...။ ပထမတုန်းကလို တစ်ကောင်ထပ်ထားခဲ့ရမယ့် အခြေအနေဖြစ်လာပြန်တယ် ..။ ကျန်တဲ့ ၄ကောင်ထဲက ဘယ်အကောင်ကို ထားခဲ့ချင်ပါသလဲ ...။ (ရေးမှတ်ထားလိုက်ပါ)
.
.
.
သင်နဲ့ တူတူ သုံးကောင်ပဲ ကျန်ပါတော့တယ် ...။ လမ်းလျှောက်ရင်း လျှောက်ရင်း ... ပူလိုက်တာလဲ ငရဲပြည်ရောက်နေလား မှတ်ရတယ် ...။ ရှာတွေ့တဲ့ အိုအေစစ်ကလဲ ခြောက်သွေ့ခမ်းခြောက်နေပြီ ...။ ရွေးစရာတော့ မရှိတော့ဘူး ...။ တစ်ကောင်တော့ ထပ်ထားခဲ့ရမှာပဲ ...။ ဘယ်အကောင်ကို ချန်ထားခဲ့ချင်ပါသလဲ ...။ (ရေးမှတ်ထားလိုက်ပါ)
.
.
.
နှစ်ကောင်ပဲ ကျန်တော့တယ် ...။ ပူပူလောင်လောင်နဲ့ လမ်းလျှောက်နေရတာပဲ ...။ လှမ်းကြည့်လိုက်တော့ သဲကန္တာရရဲ့ အဆုံးဟာ မျက်စိတဆုံး မိုးကုတ်စက်ဝိုင်းအထိရှိနေတယ် ..။ ကံမကောင်းစွာနဲ့ပဲ ... တစ်ကောင်ကို ထပ်ထားခဲ့ရတော့မယ် ...။ သင်ဟာ နောက်ဆုံး တစ်ကောင်နဲ့ပဲ သဲကန္တာရက ထွက်ခွာရတော့မယ် ...။ ကဲ ... ဘယ်အကောင်ကို ထားခဲ့မှာပါလဲ ...။ (ရေးမှတ်ထားလိုက်ပါ)
.
.
.
Congratulations! ပါ ...။ နောက်ဆုံးတော့ သင်တို့နှစ်ဦးဟာ သဲကန္တာရရဲ့ အပြင်ကို ရောက်ရှိသွားပါပြီ ...။ ကဲ ... ဆက်ပြီးတော့ အဖြေလေးတွေ ကြည့်ရအောင် ...။
.
.
.
.
သဲကန္တာရဆိုတာဟာ သင့်ဘ၀ကို ရည်ညွှန်းတာပါ။
တိရစ္ဆာန်တစ်ကောင်စီဟာ သင့်ဘ၀ရဲ့ အရာတစ်ခုစီကို ကိုယ်စားပြုပါတယ် ...။
သင် နောက်ဆုံးခေါ်ဆောင်လာတဲ့ အကောင်ကနေ အရင်ဆုံးထားခဲ့တဲ့ အကောင်အထိဟာ သင့်ဘ၀မှာ အဲဒီ့အရာတွေဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာ အစီအစဉ်အလိုက် ပြပေးပါတယ်..။

ပထမဆုံးချန်ထားခဲ့တဲ့ အရာဟာ သင့်အတွက် အရေးမကြီးဆုံးအရာ ဖြစ်သလို ...။ နောက်ဆုံး အတူတကွ ခေါ်ဆောင်သွားတဲ့ အရာဟာ သင့်ဘ၀အတွက် အရေးအပါဆုံးအရာ ဖြစ်ပါတယ် ...။

ကဲ ... ကြည့်ရအောင် ...။
၁) ခြင်္သေ့ဟာ သင့်ရဲ့မာနကို ကိုယ်စားပြုပါတယ် ...။
၂) သိုးဟာ သင့်ရဲ့ မိတ်ဆွေများကို ကိုယ်စားပြုပါတယ် ...။
၃) မျောက်ဟာ သင့်ရဲ့ကလေးငယ်များကို ကိုယ်စားပြုပါတယ် ...။
၎) နွားကတော့ သင့်ရဲ့အလုပ်အကိုင်ကို ကိုယ်စားပြုပါတယ် ...။
၅) မြင်းကတော့ သင့်ရဲ့ ပြင်းပြတဲ့ဝါသနာကို ကိုယ်စားပြုပါတယ် ...။

ဖြေတဲ့အခါမှာဆိုရင် ဥပမာပေါ့လေ ... မျောက်ကို အရင်ထားခဲ့မိတယ်ဆိုပါစို့ ..။ အဲဒါဟာ သားသမီးတွေကို စွန့်ပစ်တာ ဘာညာလို့ မတွေးမိကြနဲ့နော် ...။ တချို့လူတွေရှိတယ် မဟုတ်လား ...။ သားသမီးထက် အလုပ်ကို ဦးစားပေးတာ ...။ အဲလိုမျိုးကိုပဲ ဆိုလိုပါတယ် ...။

ဒီpersonality test story လေးဟာ ဂျပန် story လေးဖြစ်တယ်လို့ မူရင်းမှာ ရေးထားပါတယ် ...။ ဒီလိုပုံစံတူ story တွေရှိတာလဲတွေ့ရပါတယ် ...။ အဖြေတွေ ၊ တိရစ္ဆာန်တွေ ကတော့ တူတာလဲရှိတယ် ကွဲလွဲတာလဲရှိတယ်ပေါ့ ...။

ပြီးတော့ ဒီမေးခွန်းတွေဟာ မှန်ကိုမှန်တယ်လို့ မဆိုလိုပါဘူး ...။ အပျော်သဘောနဲ့ မေးကြ ဖြေကြတာပဲ ဖြစ်ပါတယ် ...။
ဘ၀အမောများပြေကြပါစေရှင် ...။

အလင်္ကာမေကျော်

No comments:

Post a Comment