သိပ်ပြီး စဉ်းစားစရာနေစရာမလိုအပ်ပါဘူ
အခု အလွန်ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးတစ်ခု အနီးအနားကို သင်ရောက်သွားတယ် ဆိုကြပါစို့ ...
၁) အဲဒါ ဘာအဆောက်အဦးများဖြစ်မလဲ?
(က) ရဲတိုက်
(ခ) ပြတိုက်
(ဂ) ဟိုတယ်
၂) သင်ဟာ အဲဒီ့အဆောက်အဦးထဲကို အောက်ပါနေရာမှ တဆင့်ဝင်သွားပါတယ်တဲ့ ... ဘယ်နေရာများဖြစ်နိုင်ပါသလဲ
(က) ပြတင်းပေါက်မှတဆင့်
(ခ) တံခါး
(ဂ) လသာဆောင်
(ဃ) မြေအောက် ဥမင်လှိုဏ်ခေါင်း
အထဲကိုဝင်သွားတော့ နောက်တစ်ထပ်ကို တပ်ဖို့ လှေကားတစ်ခုတွေ့တယ် ...
၃) ဘယ်လို လှေကားအမျိုးအစားကို သင်တွေ့ပါသလဲ ...
(က) ကြောင်လိမ်လှေကား
(ခ) ရိုးရိုးလှေကား
လှေကားပေါ်ကိုတက်လာရင်း လှေကားထစ်တွေကို ရေတွက်နေပါသတဲ့....
၎) လှေကားထစ် ဘယ်နှစ်ထစ်လောက်ရှိပါသလဲ ...
(က) ၁ ကနေ ၅ ကြား
(ခ) ၅ ကနေ ၂၅ ကြား
(ဂ) ၂၅ ကနေ ၅၀ ကြား
(ဃ) ၅၀ အထက်
အခန်းတစ်ခုတွေ့တော့ တံခါးဖွင့်ပြီး ကြည့်လိုက်တယ် ...
၅) အခန်းက ဘယ်လောက်ကြီးသလဲ
(က) အလွန်ကျဉ်းသောအခန်းလေး
(ခ) ဧည့်ခန်း တစ်ခန်းစာ
(ဂ) ခန်းမကျယ် (Ballroom) တစ်ခုစာ
(ဃ) ဘောလုံးကွင်း တစ်ကွင်းစာ
၆) နံရံတွေရဲ့အရောင်ကရော?
(က) အနီ
(ခ) ခရမ်း
(ဂ) အ၀ါ သို့ လိမ္မော်
အခန်းထဲမှာ စားပွဲတစ်လုံးရှိတယ် ...
၇) စားပွဲရဲ့ပုံသဏ္ဍာန်ကိုဖော်ပြ
(က) အ၀ိုင်း
(ခ) လေးထောင့်
(ဂ) တြိဂံ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
Analysis
၁) ဒီမေးခွန်းက သင့်ဘ၀မှာ ဘယ်အရာကို အလေးအထားဆုံးလဲဆိုတာ ဖော်ပြနေပါတယ် ...။
(က) ရဲတိုက် - ချမ်းသာကြွယ်ဝမှု
(ခ) ပြတိုက် - သင့်အလုပ်
(ဂ) ဟိုတယ် - မိသားစု နှင့် ချစ်ခြင်းမေတ္တာ
၂) ဒါကတော့ ဘယ်လိုဘ၀မျိုးကို သင်လိုချင်သလဲဆိုတာကို ပြပါသတဲ့ ...။
(က) ပြတင်းပေါက်မှတဆင့် - အံ့အားသင့်စရာတွေပြည့်နှက်ေ
(ခ) တံခါး - ချောမွေ့ပြီး လုံခြုံအေးဆေးတဲ့ဘဝ
(ဂ) လသာဆောင် - စိတ်ကူးယဉ်ဆန်ပြီး ငြိမ်းချမ်းသာယာတဲ့ဘဝ
(ဃ) မြေအောက် ဥမင်လှိုဏ်ခေါင်း - ဘ၀အတွေ့အကြုံကောင်းတွေ အများကြီး ပြည့်နှက်နေမယ့် ဘ၀၊ ဒါပေမယ့် အန္တရာယ်တော့များကောင်းများမယ်
၃) လှေကားရွေးချယ်မှုဟာ သင့်အချစ်ရေးကို ရည်ညွှန်းပါတယ် ...
(က) ကြောင်လိမ်လှေကား - အလှည့်အပြောင်းများတယ် .. ဒါပေမယ့် လှပပါတယ် ...
(ခ) ရိုးရိုးလှေကား - ရိုးရိုးသာမန်အချစ်ရေးမျိုး
၎) လှေကားထစ်တွေရဲ့ အရေအတွက်ဟာ သင့်ရဲ့ အချစ်ရေးကို တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ရတဲ့ အကြိမ်အရေအတွက်ပါတဲ့ ...။
၅) အခန်းရဲ့ အကျယ်အ၀န်းဟာ သင်ဘယ်လောက်စွန့်စားလိုစိတ်
၆) အခန်းရဲ့ အရောင်က သင့်ရဲ့ အကျင့်စရိုက်ကိုပြပါတယ် ...။
အနီ - သင်က သွေးဆူလွယ် / ဒေါသထွက်လွယ်သူပါ
ခရမ်း - စွန့်စားမှုကို နှစ်သက်သူပါ
အ၀ါ (သို့) လိမ္မော် - နှစ်လိုဖွယ်ကောင်းသူပါ
၇) စားပွဲရဲ့ပုံသဏ္ဍာန်ဟာ ဖြစ်လာတဲ့ အခြေအနေတစ်ခုအပေါ်မှာ သင်ဘယ်လို ကိုင်တွယ်ဖြေရှင်းတတ်သလဲ ဆိုတာကို ပြပါတယ်...။
လေးထောင့် - တရားမျှတအောင်လုပ်ပေးတယ် ...။
အ၀ိုင်း - သင်က အရာတစ်ခုကို ထောင့်ပေါင်းစုံက ရှုမြင်စဉ်းစားပေးတတ်တယ် ...။
တြိဂံ - ရိုးရိုးရှင်းရှင်းနည်းလမ်း
ကဲ ... ဘယ်လိုလဲရှင့် ... မှန်ကြပါရဲ့လား သူငယ်ချင်းတို့ရေ ...။
မမှန်ရင်လည်း အပျော်သဘောနဲ့ ဖြေတယ်လို့ပဲ သဘောထားလိုက်ကြပါနော် ...။
(အလင်္ကာမေကျော်)
No comments:
Post a Comment