Wednesday, September 4, 2013

နည်းနည်းလောက်တော့ စောင့်ပါ :P


အမျိုးသမီးတစ်ယောက်ဟာ ကုမ္ပဏီကလွှတ်တဲ့ training သင်တန်းတစ်ခုကို အင်္ဂလန်မှာ ၂ ပတ်လောက်သွားတက်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ခင်ပွန်းက သူ့ကို လေဆိပ်ကို လိုက်ပို့ပြီး .. ခရီးစဉ်မှာ အဆင်ပြေချောမွေ့ဖို့ ဆုတောင်းပေးသတဲ့ ...။

အဲတော့ အမျိုးသမီးက ... "ကျေးဇူးတင်ပါတယ် ယောက်ျားရယ် ... ကျွန်မပြန်လာရင် ဘာဝယ်လာခဲ့ရမလဲ" လို့ပြောသတဲ့ ...။

သူ့ခင်ပွန်းကလဲ သူ့မိန်းမကို စချင်တဲ့ စိတ်နဲ့ ရယ်ပြီး ပြောတယ် ... "အင်္ဂလိပ်မချောချောလေးတစ်ယောက်ပေါ့ကွာ"



အဲလိုလဲကြားရော အမျိုးသမီးလည်း ငြိမ်သွားပြီး ... အချိန်တန်တော့ လေယာဉ်ပေါ်တက်သွားသတဲ့ ...။

ခရီးစဉ်လဲပြီးရော ခင်ပွန်းသည်က သူ့အမျိုးသမီးကို လေဆိပ်မှာသွားကြိုသတဲ့ ... ပြီးတော့ .. "ချစ်ရေ .. သွားခဲ့တဲ့ခရီးက ဘယ်လိုလဲကွ ... အဆင်ပြေရဲ့လား" လို့မေးသတဲ့ ..။

အမျိုးသမီးက .. "အရမ်းကောင်းပါ့ရှင်" လို့ပြန်ဖြေတယ် ...။

ခင်ပွန်းသည်ကလဲ သူ့ချစ်ဇနီးကို ထပ်စချင်တော့ .. "ကိုယ်မှာလိုက်တဲ့ လက်ဆောင်ရော ဘယ်မှာလဲ" လို့မေးသတဲ့ ...။

အဲတော့ အမျိုးသမီးက ... "ဘာမှာလိုက်လို့လဲ" ဆိုပြီး ပြန်မေးတယ် ...။

"ကိုယ်မင်းကို အင်္ဂလိပ်မလေး မှာလိုက်တယ်လေ" ဆိုပြီး ခင်ပွန်းက ရယ်သွမ်းသွေးပြီး ပြန်ပြောရော အမျိုးသမီးပြန်ပြောလိုက်ပုံက ...

"အိုးးး ... သိပြီသိပြီ ... ရှင့်အတွက် ကျွန်မလဲ တတ်နိုင်သလောက်ကြိုးစားပေးခဲ့ပါတယ် ... မိန်းကလေးလား ဘာလား သိဖို့ကတော့ လနည်းနည်းလောက် စောင့်ဖို့လိုဦးမယ် ယောက်ျားရေ" တဲ့...။ ခွိစ်

(18+ နော် ... ဟိဟိဟိ)

translated by အလင်္ကာမေကျော်

No comments:

Post a Comment