ဇနီးသည်တစ်ယောက်ဟာ သူ့ခင်ပွန်းသည်အတွက် မနက်စာ ကြက်ဥများကိုကြော်နေပါတယ် ...။
အဲဒီ့အချိန်မှာ ခင်ပွန်းသည်ဟာ မီးဖိုထဲကို ဒေါသတကြီးနဲ့ ရုတ်တရက်ဝင်လာပါတယ် ..။
ပြီးတော့ "သတိထားးးးးး" ဆိုပြီး စအော်ပြောတယ် ...။
"သတိထားလို့ မင်းကို ပြောနေတာ မကြားဘူးလားးးးးးးး .... ထောပတ်များများ ထည့်လေ ....
အမလေးးးးးး ဘုရားရေ ..... တခါကြော်တာ ဘာလို့ တခါတည်း အများကြီးထည့်ကြော်ရတာလဲ .....အရမ်းများနေတယ်ဟ ....
လှန်တော့လေ ..... အခုချက်ချင်လှန်တော့စမ်းးးး
အမလေးးးးးး ဘုရားးးးး ဘုရားးးးးး .... ဘယ်ကများ ထည့်ဖို့ ထောပတ်ထပ်ရပါ့မလဲ .... ကြက်ဥတွေကပ်ကုန်တော့မှာပဲ ဟားးးးးး......
သတိထား ..... သတိထားးးးးးး.... ငါပြောနေတယ်လေ ..... သတိထားလို့ ....
မင်းချက်တိုင်းပြုတ်တိုင်း ငါပြောတဲ့ စကားကို ဘယ်တော့မှ နားမထောင်ဘူးးးးး .... ဘယ်တော့မှ ဆို ဘယ်တော့မှ နားမထောင်ဘူးးးးးးး
လှန်စမ်း ...... မြန်မြန်လှန် ခုချက်ချင်းလှန် ..... မင်းရူးနေလားကွာ .... မင်းစိတ်နဲ့ကိုယ်နဲ့ရော ကပ်ရဲ့လား ....ဟေ .......
ဆားထည့်ဖို့မမေ့နဲ့ ..... မင်းအမြဲတမ်းဆားထည့်ဖို့မေ့
အဲဒီ့အချိန်မှာ ဇနီးဟာ သူ့ယောက်ျားကို စိုက်ကြည့်တယ်။
"ရှင်ဘာတွေဖြစ်နေတာလဲဟင်? ရှင်က ကျွန်မ ကြက်ဥတောင်မကြော်တတ်ဘူးလို့
အဲတော့ ယောက်ျားက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ် ...
"ငါကားမောင်းတဲ့အချိန်မှာ ငါဘယ်လိုခံစားရသလဲဆိုတာ မင်းကို သိစေချင်ရုံလောက်ပါပဲကွာ" .... တဲ့ ...။
အဟတ် ...
Translated by (အလင်္ကာမေကျော်)
No comments:
Post a Comment