Tuesday, September 3, 2013

မိန်းမတို့ဖြတ်ထိုးဥာဏ်


အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကားတစ်စီးကို ယာဉ်ထိန်းရဲတစ်ဦးက တားပြီးရပ်ခိုင်းလိုက်သည်။

အမျိုးသမီး : ဘာဖြစ်လို့ပါလဲ?
ယာဉ်ထိန်းရဲ : အမကြီး သတ်မှတ်အမြန်နှုန်းထက် ကျော်ပြီး မောင်းလာလို့ပါ။

အမျိုးသမီး : အော် ...... ဟုတ်လား ...။
ယာဉ်ထိန်းရဲ : အမရဲ့ လိုင်စင်လေးပေးလို့ရပါမလား။

အမျိုးသမီး : ကျွန်မပေးတော့ပေးချင်ပါတယ်ရှင်။ ဒါပေမယ့် ကျွန်မမှာ မရှိဘူးရှင့်။
ယာဉ်ထိန်းရဲ : ဟင် .... လိုင်စင်မရှိဘူး ဟုတ်လား။



အမျိုးသမီး : သောက်ပြီးကားမောင်းလို့ ၄ခါလောက် အသိမ်းခံရတယ်လေ ...။ နောက်ဆုံးတော့ အလုပ်ရှုပ်လို့ ပြန်ကိုမရွေးတော့ဘူး ...။
ယာဉ်ထိန်းရဲ : အော်ာ်ာ် .... ဒါဆိုရင် ကားရဲ့ ၀ှီးတက်လေး တဆိတ်လောက်ပြပါ ...။

အမျိုးသမီး : ပြလို့မရဘူးရှင့် ...။
ယာဉ်ထိန်းရဲ : ဘာလို့လဲဗျာ ..။

အမျိုးသမီး : ကျွန်မက ဒီကားကိုခိုးလာတာ မို့လို့ပါ...။
ယာဉ်ထိန်းရဲ : ဗျာာာ .... ခိုးလာတာ ????။

အမျိုးသမီး : ဟုတ်ကဲ့ ...။ ကျွန်မ ဒီကားပိုင်ရှင်ကို သတ်ပြီး သူ့ကားကို မောင်းလာတာရှင့် ...။
ယာဉ်ထိန်းရဲ : မင်းးး မင်းးး ... ဘာလုပ်တယ် ????

အမျိုးသမီး : သူ့ခန္ဒာကိုယ်အစိတ်အပိုင်းတွေကို ကျွန်မနောက်ဖုံးထဲမှာ ပလက်စတစ်နဲ့ထုတ်ပြီး ထည့်ထားတယ် ...။ ရှင်ကြည့်ချင်ရင် ပြမယ်လေ ...။

ထိုအချိန်မှာ ယာဉ်ထိန်းရဲသည် ထိုအမျိုးသမီးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏အခြားတပ်ဖွဲ့ဝင်များကို ခေါ်ရန် သူ့ကားထံသို့ နောက်ဆုတ်နောက်ဆုတ်ဖြင့် ပြန်သွားလေသည်။ ၅မိနစ်လောက်အကြာမှာ ထိုအမျိုးသမီးကားကို အခြားရဲကား၅ကားမှ ၀န်းရံ လိုက်သည်။

စီနီယာအရာရှိတစ်ယောက်က အမျိုးသမီး၏ကားဆီကို သေနတ်ဖြင့် ချိန်ပြီး တရွေ့ရွေ့လာလေသည်။

ထိုအရာရှိက ထိုအမျိုးသမီးကို ဆက်ပြောသည်။

အရာရှိ : အမ ... ခင်ဗျားရဲ့ ကားထဲက ကျေးဇူးပြုပြီး ထွက်ပေးပါ ...။

အမျိုးသမီးက အေးဆေးစွာဖြင့် သူမကားထဲမှ ထွက်ပေးလိုက်သည်။

အမျိုးသမီး : ဘာပြဿနာများရှိလို့ပါလိမ့် ဆရာ။
အရာရှိ : ကျွန်တော်တို့ တပ်ဖွဲ့က ယာဉ်ထိန်းရဲတစ်ယောက်က ခင်ဗျားဟာ ဒီကားပိုင်ရှင်ကို သတ်ပြီး ဒီကားကို ခိုးယူမောင်းနှင်လာတယ်လို့ သတင်းပို့ထားပါတယ်။

အမျိုးသမီး : ရှင်င်င် .... ပိုင်ရှင်ကို သတ်တယ် ဟုတ်လား ??????
အရာရှိ : ဟုတ်ပါတယ် ...။ ကျေးဇူးပြုပြီး ကားရဲ့နောက်ဖုံးကို ဖွင့်ပြလို့ ရနိုင်မလား ခင်ဗျာ ...။

အဲလိုပြောတော့ အမျိုးသမီးက ဘာမှမပြောတော့ပဲ ကားနောက်ဖုံးကိုဖွင့်ပြလိုက်သည်။ ဒါပေမယ့် အထဲမှာ ဘာဆို ဘာမှမရှိပါ ..။

အရာရှိ : ဒီကားက ခင်ဗျားကားလား အမကြီး။
အမျိုးသမီး : ဟုတ်ပါတယ်ရှင့် ..။ ဒီမှာ ကားရဲ့ ၀ှီးတက်ပါ ...။

အဲဒီ့အချိန်မှာ ပထမ ယာဉ်ထိန်းရဲမှာ အလွန်ပင်အံ့အားသင့်၍သွားလေသည်။

အရာရှိ : ကျွန်တော်တို့ရဲ့ ယာဉ်ထိန်းရဲပြောတာကတော့ ခင်ဗျားမှာ ကားမောင်းလိုင်စင်မရှိဘူး လို့ ပြောပါတယ်..။

အမျိုးသမီးဟာ သူ့လက်ကိုင်အိတ်ကို မွှေနှောက်ပြီး အိတ်လေးတစ်ခုကို အရာရှိကိုပေးလိုက်ပါသည် ..။ အရာရှိက အဲဒီ့အိတ်ကို ဖွင့်ကြည့်လိုက်တော့ ထိုအမျိုးသမီး၏ ကားမောင်းလိုင်စင်ကို တွေ့ရသည်..။
အရာရှိဟာ အလွန်ပင် စိတ်ရှုပ်ထွေးသွားပါသည် ...။

အရာရှိ : ကျေးဇူးတင်ပါတယ် အမ..။ ကျွန်တော်တို့အဖွဲ့ရဲ့ ယာဉ်ထိန်းရဲတစ်ယောက်က ခင်ဗျားမှာ လိုင်စင်မရှိဘူး ...။ ပြီးတော့ ခင်ဗျားဟာ ဒီကားပိုင်ရှင်ကို သတ်ပြီး ကားကို ခိုးခဲ့တယ်လို့ အကြောင်းကြားခဲ့လို့ အခုလို စစ်ဆေးရတာဖြစ်ပါတယ်။

အဲဒီ့အခါမှာ အမျိုးသမီး ပြန်ပြောလိုက်ပုံက ...။

အမျိုးသမီး: ဒီလိုလိမ်တတ်တဲ့ အရူးက ကျွန်မ ကားကို အမြန်မောင်းလာတယ် ဆိုတာရော မလိမ်လိုက်ဘူးလားရှင် ... ဟင်းးးဟင်းးးး ။

[မိန်းမတွေရဲ့ဖြတ်ထိုးဥာဏ်ကောင်းပုံကိုပြောပြချင်တာပါ ။။ လိမ်တာကတော့ မကောင်းဘူးပေါ့ရှင်။။ ဘဲဥလေးခမျာ သနားစရာ ... ဟိ]

Translated by အလင်္ကာမေကျော်

No comments:

Post a Comment