လွန်ခဲ့တဲ့ နှစ်တော်တော်ကြာလောက်တုန်းကပေါ့ ... ဗြိတိန်နိုင်ငံက ဖိနပ်ထုတ်တဲ့ လုပ်ငန်းတစ်ခုဟာ သူတို့ရဲ့ အရောင်းဝန်ထမ်းနှစ်ယောက်ကို အာဖရိကကို လွှတ်ပြီး ဈေးကွက်ရနိုင်မယ့် အခြေအနေကို စုံစမ်းဖို့နဲ့ ပြန်လည်တင်ပြဖို့ တာဝန်ပေးလိုက်သတဲ့ ....။
ပထမအရောင်းဝန်ထမ်း ပြန်လည်တင်ပြတာကတော့ ...
"အာဖရိကမှာ ကျွန်တော်တို့အတွက် ဈေးကွက်မရှိနိုင်ပါဘူး ... ဘာကြောင့်လဲဆိုတော့ ဒီမှာ တစ်ယောက်မှ ဖိနပ်မ၀တ်ကြဘူးဗျ"
ဒုတိယအရောင်းဝန်ထမ်း ပြန်လည်တင်ပြတာကတော့ ...
"အာဖရိကမှာ ကျွန်တော်တို့အတွက် တကယ့်ကို ကြီးကျယ်တဲ့ဈေးကွက်ကြီးတစ်ခု ရနိုင်ပါတယ်ခင်ဗျာ ... ဘာကြောင့်လဲဆိုတော့ ဒီမှာ တစ်ယောက်မှ ဖိနပ်မ၀တ်ကြသေးဘူးခင်ဗျ" တဲ့ ....။
{ကိစ္စတစ်ခုမှာ မတူညီတဲ့ ရှုထောင့်တွေအများကြီးရှိတယ် ဆိုတာက အဲဒီ့အရာကို ဘယ်လိုမြင်ခဲ့သလဲဆိုတာနဲ့ သက်ဆိုင်ပါတယ် ...။ အကောင်းဘက်ကိုတွေးခဲ့တာလား၊ အဆိုးဘက်ကိုတွေးခဲ့တာလား ...
အဲဒါနဲ့ပဲ လူတွေရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ၊ ရှုထောင့်တွေက ကွဲလွဲကုန်ကြတာပေါ့ ...။}
(အလင်္ကာမေကျော်)

No comments:
Post a Comment