Tuesday, September 3, 2013

ထင်လည်းထင်လောက်စရာ .. :P


လင်မယားနှစ်ယောက်ရှိလေသည်။ လင်ယောက်ျားလုပ်သူမှာ သင်္ချိုင်းတွင် အလုပ်လုပ်ကိုင်နေသူဖြစ်၏။

တစ်မနက်တွင် ယောက်ျားဖြစ်သူ ဗိုက်မခံမရပ်နိုင်အောင် ဗိုက်အောင့်သောကြောင့် လင်မယားနှစ်ယောက်ဆေးရုံသို့ ပြေးကြရသည်။ ထို့နောက် ဘာဖြစ်လဲသိအောင် စမ်းသပ်မှုတွေ ဆက်ပြီး ပြုလုပ်ကြရ၏။

ယောက်ျားဖြစ်သူကတော့ ကျန်းမာရေးစစ်ဆေးလွှာ ကိုမရမချင်း သူ့ကိုယ်သူ "ဘာမှမဖြစ်ဘူး၊ သူနေမကောင်းတာမဟုတ်ဘူး" ဆိုတာပဲ တွင်တွင် ပြောနေလေသည်။
အဖြေလဲရရော ... သူတို့သံသယရှိတဲ့အတိုင်း ယောက်ျားဖြစ်သူရဲ့ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း နက်စ်မက အသိပေးလေသည်။



အဲတော့ မိန်းမဖြစ်သူကလည်း သူ့ယောက်ျားဘက်ကို လှည့်ပြီး -
"ကျွန်မ သင်္ချိုင်းကို အခုပဲ ဖုန်းဆက်လိုက်ရတော့မလား" ဆိုပြီးမေးလေသည်။

အဲတော့ နက်စ်မက စိတ်ပျက်အံ့သြတဲ့ အကြည့်နဲ့ မိန်းမဖြစ်သူဘက်ကို လှည့်ပြီး-
"ဒီမှာ အစ်မကြီး၊ ရှင့်ယောက်ျားအခြေအနေက သင်္ချိုင်းကုန်းကို ဖုန်းကြိုဆက်ရလောက်အောင် အထိ မဆိုးသေးပါဘူး" လို့ပြောလေသည် ..။

translated by အလင်္ကာမေကျော်

No comments:

Post a Comment