Tuesday, September 3, 2013

သူဌေး နှင့် သူဌေးသား ကွာခြားချက် :P


နာမည်ကျော် မီလျံနာကြီးဖြစ်သော John D. Rockefeller သည် အလှူအတန်းရက်ရောသလောက် ကိုယ့်အတွက်ကိုယ် ငွေကြေးသုံးစွဲရမှာတော့ အလွန်နှမြောတတ်သူဖြစ်ပါသည်။

တစ်နေ့မှာ နယူးယောက်မြို့သို့ အလုပ်ကိစ္စတစ်ခုဖြင့်ရောက်ရှိနေသောကြောင့် တည်းခိုရန်ဟော်တယ်တစ်ခုကို သွားလေသည်။ ဟော်တယ်သို့ရောက်သောအခါ ဈေးအသက်သာဆုံးအခန်းရှိလားဟုမေး၏။

မန်နေဂျာက ဈေးအသက်သာဆုံးအခန်းကိုလိုက်ပြလေရာ ... "ဒီအခန်းက ဈေးအသက်သာဆုံးလား ... ကျွန်တော်တစ်ယောက်ထဲနေမှာဖြစ်တဲ့အတွက် ခပ်ကျဉ်းကျဉ်းဆိုလဲ ရပါတယ်ဗျ" ဆိုပြီး Rockefeller က ထပ်မံပြောသည်။



ထိုအခါ မန်နေဂျာက "ဒီအခန်းက ကျွန်တော်တို့ ဟော်တယ်ရဲ့ အကျဉ်းဆုံး ဈေးအသက်သာဆုံးအခန်းပါ" ဟု ပြန်ဖြေ၏။

ထို့ပြင် "ဆရာဘာကြောင့် ဒီလိုအခန်းမျိုးကို ရွေးချယ်ရတာပါလဲခင်ဗျာ။ ဆရာ့သား လာတည်းတုန်းကဆို ဒီဟော်တယ်က ဈေးအကြီးဆုံးအခန်းကိုရွေးတည်းတယ်ဗျ။ ဆရာကတော့ ဈေးအပေါဆုံးကိုပဲရွေးတယ်နော်" လို့ ထပ်ပြောလေသည်။

အဲတော့ Rockefeller က ပြန်ပြောလိုက်သည်မှာ ..

"ဟုတ်တာပေါ့ဗျာ..။ သူ့မှာက ချမ်းသာတဲ့အဖေရှိတယ်လေ ..။ ကျွန်တော့မှာက မရှိဘူးဗျ" ... ဟူသတဲ့။

translated by အလင်္ကာမေကျော်

No comments:

Post a Comment