Tuesday, September 3, 2013

သနားစရာ ပါမောက္ခကြီး :P

ပါမောက္ခကြီးတစ်ယောက်ဟာ မနက်ကျောင်းသွားချိန် လမ်းမှာ မိုးသဲသဲထန်ထန် ရွာလာတဲ့အတွက် ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ရင်း ၀င်ခိုနားပါတယ် ..။
မိုးရွာတာနည်းသွားတော့ ကျောင်းကိုပြန်သွားဖို့ အပြင်ကိုထွက်တဲ့အခါမှာ ထီးမပါလာတာကို မေ့ပြီး ထီးပုံးထဲက သူ့အိမ်ကထီးနဲ့တူတဲ့ ထီးတစ်ချောင်းကို သွားဆွဲလိုက်ပါတယ်။ အဲဒီ့တော့ စွာတေးလန်ပုံရတဲ့ မိန်းမကြီးတစ်ယောက်က ပြေးလာပြီး "ဒါကျွန်မထီးရှင့်" ဆိုပြီး ပြန်ယူထားလိုက်သတဲ့ ...
အဲဒါနဲ့ ပါမောက္ခကြီးလဲ သူ့အမှားသူ ရှက်ပြီး ကျောင်းကို မိုးထဲမှာပဲ လမ်းလျှောက်သွားသတဲ့။ ကျောင်းလဲရောက်ရော ရွှဲရွှဲကို စိုလို့ပေါ့လေ။


ကျောင်းက ရုံးခန်းထဲလဲရောက်ရော အရင်ရက်တွေက သူမေ့ခဲ့တဲ့ ထီးသုံးလက်ကို တွေ့သတဲ့။ ကျောင်းဆင်းချိန်လဲရောက်ရော အဲဒီ့ထီးသုံးလက်ကို အိမ်ကို ပြန်ယူလာတာပေါ့။
ကံဆိုးချင်တော့ လမ်းမှာ မနက်ကတွေ့ခဲ့တဲ့ မိန်းမကြီးကို ပြန်တွေ့သတဲ့ ...။
မိန်းမကြီးက ပါမောက္ခကိုလဲမြင်ရော ... သူ့ကိုတလှည့် သူ့လက်ထဲက ထီးတွေကိုတလှည့် ကြည့်ပြီး ငေါ့တော့တော့ပြောလိုက်တာကတော့ ...။
"အော်ာ် ... ရှင် ဒီနေ့တော့ တော်တော်အလုပ်ဖြစ်ခဲ့တယ်ပေါ့" တဲ့ ...။

translated by အလင်္ကာမေကျော်

No comments:

Post a Comment