Tuesday, September 3, 2013

လန့်လဲလန့်လောက်ပါရဲ့ ^_^


စုံတွဲတစ်တွဲဟာ အားလပ်ရက်အတွက် အပန်းဖြေခရီးထွက်ရန် စီစဉ်ထားပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူက စီးပွားရေးကိစ္စတစ်ခု အရေးကြီးပေါ်လာတဲ့အတွက် ခင်ပွန်းသည်ကပဲ အရင်ထွက်သွားရပါတယ်။ ဇနီးသည်ကတော့ အလုပ်ကိစ္စပြီးတဲ့ နောက်နေ့မှ လိုက်လာမယ်ပေါ့။

ခင်ပွန်းဖြစ်သူဟာ တည်းမယ့် ဟိုတယ်ကိုရောက်တော့ သူ့အမျိုးသမီးထံကို quick email တစ်စောင် ပို့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ သူ့အမျိုးသမီး email address ကို စာလုံးပေါင်းမှားပြီး ရိုက်မိလိုက်တယ်။ အဲတော့ .. သူ့စာက သူ့မိန်းမဆီရောက်မယ့်အစား လွန်ခဲ့တဲ့ တစ်ရက်လောက်က ခင်ပွန်းဆုံးထားတဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးဆီကို မှားရောက်သွားတယ်။



အဲဒီ့အမျိုးသမီးကြီး Email ကို ဖွင့်လဲစစ်ရော .... အသံကုန်ဟစ်ပြီး ကြမ်းပြင်ကို မေ့လဲကျသွားပါတော့တယ် ...။

သူမအသံကိုကြားတော့ မိသားစုဝင်တွေက အခန်းထဲကို အလန့်တကြား ပြေးဝင်လာကြတယ် ...။
screen ပေါ်က စာကို အိမ်သားတွေ မြင်လိုက်ရတာကတော့ ...

"ချစ်ရတဲ့ မိန်းမရေ ...
ငါအခုပဲရောက်တယ်ကွာ။ မင်းနက်ဖြန်လိုက်လာဖို့ ကိစ္စလဲ ငါအားလုံးစီစဉ်ထားပြီးပြီ။
စာကြွင်း : ဒီမှာတော့ တော်တော်ပူတယ်ဟေ့ ...။
"
တဲ့ .... ^_^

Translated by အလင်္ကာမေကျော်

No comments:

Post a Comment