ဖခင်ဖြစ်သူဟာ ထုံးစံအတိုင်း အိမ်ကိုနောက်ကျမှ ပြန်လာပါတယ်။ အရင်ရက်တွေကအတိုင်းပါပဲ ... ပင်ပန်းနေပြီး စိတ်တိုနေပုံလဲရပါတယ်။ အိမ်ရှေ့လည်း ရောက်ရော အိမ်တံခါးပေါက်ဝမှာ သူ့ရဲ့ ၅နှစ်အရွယ် သားငယ်လေးဟာ သူပြန်အလာကို ရပ်ပြီး စောင့်နေတာကိုတွေ့လိုက်ပါတယ
"ဖေဖေ.. ဖေဖေ့ကိုတစ်ခုလောက်မေးလို့ရ
"မေးလေ သားရဲ့ ... ဘာမေးမလို့လဲ" ဆိုပြီး ဖခင်ဖြစ်သူက ပြန်ပြောတယ်။
"ဖေဖေ တစ်နာရီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရလဲဟင် .."
"ဒါ မင်းအလုပ်မို့လို့လားကွာ ... မင်း ဒီလိုမေးပြီးတော့ မင်းဘာလုပ်မှာမို့လို့လဲ" ဆိုပြီး အဖေဖြစ်သူက ဒေါသတကြီးနဲ့ ပြန်ပြောတယ် ...။
"သားတကယ်သိချင်လို့ပါဖေဖေ .... ပြောပြပါနော် ... ဖေဖေတစ်နာရီအလုပ်လုပ်ရင် ဘယ်လောက်ရလဲဟင်" ဆိုပြီး သားလေးက အသနားခံတဲ့ အသံလေးနဲ့ ပြောတော့ ....
"အေး ... မင်းသိထား ... တစ်နာရီကို ဒေါ်လာ ၂၀ ရတယ်ကွ" ဆိုသတဲ့။ အဲတော့ ...
"အိုးးး" ဆိုပြီး ကလေးလေးက ခေါင်းလေးငုံ့သွားတယ် ... ပြီးတော့ သူ့ဖေဖေကိုကြည့်ပြီး "ဖေဖေ ... သားကို ပိုက်ဆံ ၁၀ဒေါ်လာလောက် ချေးလို့ရမလားဟင်" လို့ပြောတယ်။
အဲဒီ့အချိန်မှာ အဖေဖြစ်သူက အတော် ဒေါသထွက်သွားတယ်။
"ငါဘယ်လောက်ပိုက်ဆံရသလဲဆိုတ
ပြီးတော့ ... အဖေဖြစ်သူဟာ ဆိုဖာပေါ်မှာ ထိုင်ချပြီး သူ့သားရဲ့ မေးခွန်းအတွက် တနုံ့နုံ့ ဒေါသဖြစ်ရင်း မကျေမချမ်းဖြစ်နေတယ်။ ဘာအတွက်ကြောင့် ငွေလိုပြီး ဒီလိုမေးဖို့ သတ္တိတွေတောင် ရှိနေရတာလဲပေါ့ ...။
တစ်နာရီလောက်လဲကြာရော ... အဖေဖြစ်သူဟာ စိတ်ပြေစပြုလာတယ်။ ပြီးတော့ သူ့သားလေး ဘာတွေ အခက်အခဲဖြစ်နေလို့ ငွေလိုအပ်သလဲဆိုတာ စ စဉ်းစားမိတယ်။ "တစ်ခုခုကို ၀ယ်ဖို့ တကယ်လိုအပ်လွန်းလို့သာ ၁၀ ဒေါ်လာကို တောင်းတာဖြစ်မယ် .. ပြီးတော့ ဒီလိုငွေလိုတယ်ဆိုပြီး တောင်းတာမျိုးလဲ သိပ်မရှိခဲ့ပါဘူး" .... ဆိုပြီး တွေးမိတယ်။ ဒါကြောင့် သူ့သားလေးအခန်းကိုသွားပြီး တံခါးကို တွန်းဖွင့်လိုက်တယ် ..။
"သား ..... အိပ်နေပြီလား" လို့ မေးလိုက်တော့...
"မအိပ်သေးပါဘူး ဖေဖေ" ဆိုပြီး သားလေးက ပြန်ဖြေတယ်။
"ဖေဖေ သားကို ဆူပြီးတည်းက စဉ်းစားနေတာပါ ... စစချင်းတုန်းကတော့ ဖေဖေ မင်းကို အတော်စိတ်ဆိုးမိတယ်။ ဖေဖေ တစ်နေ့လုံး အလုပ်တွေများလွန်းလို့ စိတ်ရှုပ်နေတာ ... ဒါကြောင့် သားပြောတာကို စိတ်တိုမိသွားတာပါ။ ရော့ ရော့... ဒီမှာ သားတောင်းတဲ့ ဒေါ်လာ ၁၀" ဆိုပြီး ပြောသတဲ့။
အဲဒီ့အချိန်မှာ သားလေးဟာ အိပ်ယာပေါ်လှဲနေရာကနေ ထထိုင်လိုက်တယ်။ ပြီးတော့ "ကျေးဇူးတင်လိုက်တာ ဖေဖေ" ဆိုပြီး ၀မ်းသာအားရ အော်ပြောလိုက်တယ်။ ပြီးတော့ ခေါင်းအုံးအောက်ကို လက်နှိုက်ပြီး ပိုက်ဆံအလိပ်လေးတစ်ခုကို ယူလိုက်တယ်။ အဖေဖြစ်သူဟာ သားဖြစ်သူမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်တောင်းတယ်ဆိုတာကို မြင်တွေ့လိုက်တော့ နောက်တခါ ဒေါသထွက်လာပြန်တယ်။
သားလေးဟာ သူ့ပိုက်ဆံလေးတွေကို ဖြေးဖြေးချင်းရေပြီး သူ့ဖခင်ကို လှမ်းကြည့်သတဲ့ ..။
"မင်းမှာ ပိုက်ဆံရှိရဲ့သားနဲ့ ထပ်ပြီး ဘာကြောင့် လိုချင်နေတာလဲ" ဆိုပြီး ဒေါသနဲ့ ထပ်အော်ပြန်တယ်။
"ဘာဖြစ်လို့လဲဆိုတော့ ..... သားမှာ ပိုက်ဆံမလောက်လို့ပါ .... အခုတော့ လောက်သွားပါပြီ"
ပြီးတော့ ဆက်ပြီး .....
"သားမှာ အခုဆိုဒေါ်လာ ၂၀ ပြည့်သွားတော့ ဖေဖေ့ရဲ့ တစ်နာရီကို သားဝယ်လို့ရပြီ။ ဒါကြောင့် .... မနက်ဖြန် စောစောပြန်လာခဲ့နော်။ ဖေဖေနဲ့တူတူ ညစာစားချင်လို့ပါ" ဆိုပြီး ဆက်ပြောသတဲ့ ...။
အဲဒီ့စကားကိုလည်း ကြားရော အဖေဖြစ်သူဟာ တော်တော်လေးကို ယူကြုံးမရဖြစ်သွားပြီး ... သူ့သားလေးကို ပွေ့ဖက်လိုက်ကာ မျက်ရည်များတောင် ကျလာရှာပါသတဲ့ ...။
[ဘ၀မှာ အလုပ်ကိုပဲ ဖိပြီးကြိုးစားလုပ်ကိုင်နေတ
ကျွန်မတို့ဟာ အလုပ်တွေလုပ်ကြရင်း ... ကြိုးစားနေကြရင်းနဲ့ ကျွန်မတို့ဘ၀အတွက် တကယ်အရေးကြီးတဲ့သူတွေအပေါ် အချိန်မပေးနိုင်တော့ပဲ မေ့လျှော့ထားနေတတ်ကြပါတယ် ...။
အကယ်၍ သင် မနက်ဖြန် သေဆုံးသွားမယ်ဆိုရင် သင် အလုပ်တွေ အများကြီး လုပ်ပေးခဲ့တဲ့၊ အချိန်တွေအများကြီးပေးခဲ့တဲ
ဒါပေမယ့် ..... သင့်မိသားစုတွေ၊ သင့်သူငယ်ချင်း မိတ်ဆွေတွေကတော့ သူတို့ရဲ့ကျန်ရှိနေတဲ့ဘ၀ရဲ့
ဒါကြောင့် သင်တို့ဘ၀ရဲ့ အရေးအကြီးဆုံးအရာများအတွက် အချိန်ပေးရန် မမေ့ကြဖို့ ပြောချင်ပါတယ်ရှင် ...။ ^_^]
Translated by အလင်္ကာမေကျော်
No comments:
Post a Comment