အဘိုးတစ်ယောက်ဟာ သူ့မြေးလေးကို အော်ပရာပွဲ ခေါ်သွားပါတယ် ...။ မြေးလေးအတွက်တော့ ဒါပထမဆုံး ရောက်ဖူးတာပါ ...။
ပွဲစပါပြီ ......။
ဂီတမှုးက သူ့ရဲ့တုတ်လေးကို ဝှေ့လိုက်တဲ့အခါမှာ Soprano တစ်ယောက် (အမြင့်ဆုံးအသံနဲ့သီဆိုသူ) က သီချင်းစဆိုပါတယ် ...။
မြေးလေးအတွက်ကတော့ မြင်သမျှ ကြားသမျှ အထူးအဆန်း စိတ်ဝင်စားဖွယ်ဖြစ်နေပါတယ် ...။
သို့သော် နောက်ဆုံးမှာ မြေးလေးဟာ သူ့အဘိုးဘက်ကိုလှည့်ပြီး မေးပါသတဲ့ ...။
"ဘိုးဘိုးဂျီး၊ ဘာရို့ ဒီလူဂျီးက ဆိုနေတဲ့မမကို တုတ်နဲ့ရိုက်နေဒါရဲ ဟင် ..."
အဘိုးဖြစ်သူက အပြုံးဖြင့်
"သူက အဆိုတော်လေးကိုရိုက်နေတာ မဟုတ်ဘူး မြေးရဲ့" လို့ပြန်ဖြေသတဲ့ ...။
အဲတော့ မြေးလေး ပြန်ပြောပုံက ...
"အန် ... ရိုက်ခံနေရတာလဲ ဟုတ်ဘဲနဲ့ အဆိုတော်မမက ဘာရို့ ဒီလောက်တောင် အော်ဟစ်နေရတာရဲ ... ???" တဲ့ ..။
ဟိဟိ
translated by အလင်္ကာမေကျော်
No comments:
Post a Comment