Tuesday, September 3, 2013

တရုတ်ဆေးကောင်းပုံများ :P

အမျိုးသားတစ်ယောက်ဟာ လက်ညှိုး အလွန်အမင်းနာကျင်နေသဖြင့် ဆေးခန်းသွားပြလေသည်။
ဆရာဝန်က "ခင်ဗျားလက်ချောင်းက အတော်ဆိုးနေတယ်ဗျ ... ဖြတ်ပစ်ရလိမ့်မယ် ..." ဟုပြောလေသည်။

ထိုအခါ ... အမျိုးသားလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး နောက်ဆရာဝန်တစ်ယောက်ဆီကို ထပ်သွားလေသည် ...။
ထိုဆရာဝန်ကလည်း "ဟုတ်တယ် .. ဖြတ်ပစ်ရလိမ့်မယ်ဗျ ... ကုလို့မရနိုင်တော့ဘူး" လို့ပြောပြန်၏။

အမျိုးသားလည်း မျှော်လင့်ချက်များစွာဖြင့် တရုတ်ဆေးဆရာထံသို့ ထပ်သွားဖို့လုပ်သည် ...။



ဆေးဆရာဆီရောက်သည့်အခါ အမျိုးသားက "ကျွန်တော် ဆရာဝန်နှစ်ယောက်ဆီကိုရောက်ခဲ့ပါတယ် ..။ နှစ်ယောက်စလုံးက ကျွန်တော့လက်ညှိုးကို ဖြတ်ပစ်ရမယ်ချည်းပြောနေပါတယ် ... ဆရာကယ်ပါဦးဗျာ" ဆိုပြီး ပြောလေသည် ...။

ထိုအခါ ... ဆေးဆရာပြန်ပြောပုံက ....

"ဟာာာ... ဖြတ်ပစ်ဖို့မလိုပါဘူးဗျာ ...။ ဒီဆေးကိုသာ တစ်နေ့သုံးကြိမ်လိမ်း ...။ ၂ပတ်လောက်ကြာရင် သူ့ဟာသူပြတ်ကျသွားလိမ့်မယ်"

translated by အလင်္ကာမေကျော်

No comments:

Post a Comment