အမျိုးသမီးတစ်ယောက်ဟာ သူမစီးမယ့် လေယာဉ် ရောက်မလာနိုင်သေးတဲ့အတွက် လေဆိပ်ထဲမှာ တစ်ညလောက် စောင့်နေရပါတယ်။
အဲတော့ ပျင်းပျင်းနဲ့ လေဆိပ်ထဲက စာအုပ်ဆိုင်မှာ ဖတ်ဖို့စာအုပ်တစ်အုပ်လောက် ၀ယ်ဖို့လိုက်ရှာရင်း ကွတ်ကီးအထုပ်ကြီး တစ်ထုပ်ပါဝယ်လာခဲ့ပါတယ်။
အေးအေးဆေးဆေးထိုင်ရင်း စာအုပ်ထဲမှာ စိတ်ရောက်နေပေမယ့်လည်း ဘေးနားမှာ တခုခုဖြစ်နေတာကို သူမ သတိထားမိလိုက်တယ် ..။ ဘာလဲဆိုတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ ခပ်နွမ်းနွမ်းလူတစ်ယောက်ဟာ
သူမကွက်ကီးထုတ်ထဲက ကွတ်ကီး တစ်ခုစ နှစ်ခုစကို ယူစားနေတာကို တွေ့လိုက်မိလို့ပါပဲ ...။ အမျိုးသမီးလဲ ဒီဖြစ်စဉ်ကိုမြင်တော့ မသိချင်ယောင်ဆောင်ပြီးနေလို က်တယ် ...။
ဟိုလူကတော့ ဆက်တိုက်ဆိုသလို ယူပြီးစားနေတာပေါ့ ...။ အဲတော့ အမျိုးသမီးလည်း ကွက်ကီးထုတ်ထဲက ကွက်ကီးတချို့ကို ယူပြီး စားလိုက်တယ် ..။ ပြီးတော့ နာရီကိုကြည့်ပြီး ဒီလူ ငါ့ကွက်ကီးတွေကို ဘယ်လောက်တောင်များ စားလိုက်သလဲဆိုပြီး တွေးနေသတဲ့ ...။ တနုံ့နုံ့တွေးရင်းတွေးရင်းနဲ့ ဒေါသတွေထွက်လာတယ် ..။ ပြီးတော့ "ငါသာစိတ်ကောင်းမထားနိုင်ရင် ဒီလူမျက်နှာအညိုအမဲစွဲနေလော က်ပြီ" ဆိုပြီးတွေးနေလေတယ် ..။
အမျိုးသမီး ကွက်ကီးတစ်ခုယူရင် ဟိုလူကလည်း တစ်ခုယူတယ် ..။ နောက်ဆုံး တစ်ခုပဲကျန်တော့သတဲ့ ..။ အဲတော့ အမျိုးသမီးလဲ ဟိုလူဘာဆက်လုပ်မလဲသိချင်လာသ တဲ့ ...။
ဟိုလူကပြုံးပြုံးလေးနဲ့ နောက်ဆုံးကွက်ကီးကို တစ်ဝက်ချိုးပြီး အမျိုးသမီးကို လှမ်းပေးလိုက်တယ် ...။ ပြီးတော့ ကျန်တဲ့တ၀က်ကိုတော့ အဲဒီ့လူက စားလိုက်သတဲ့ ..။
အဲတော့ ... အမျိုးသမီးလည်းဟိုလူလှမ်းပေးတဲ့ ကွက်ကီးကိုစောင့်ဆွဲယူပြီး စိတ်ထဲကတွေးတယ် ...။
"အမလေး ... အမလေး ... ဒီလူတော်တော်ရိုင်းတဲ့လူပဲ ...ဒီလိုအဆင့်အတန်းမရှိတဲ့ သူခိုးမျိုးတခါမှမတွေ့ဖူးဘူး .. အံ့သြပါရဲ့" ဆိုပြီးတော့ပေါ့ ...။
အမျိုးသမီးဟာ သူမဘ၀မှာ ဒီလောက်စိတ်ဆိုးရတာမျိုး၊ ဒီလိုမျက်နှာပြောင်တိုက် ခံရတာမျိုး တခါမှ မဖြစ်ဖူးဘူးဆိုပြီး ဒေါသတွေထွက်နေလေတယ် ...။
သိပ်မကြာခင်မှာပဲ သူမစီးရမယ့်လေယာဉ်အတွက် ခေါ်နေပြီ ဖြစ်တာကြောင့် စိတ်ကိုဖြေပြီး ပစ္စည်းပစ္စယတွေကိုစု ... ပြီးတော့ ဂိတ်ဆီကိုထွက်သွားတယ်...။ မုန့်သူခိုးကိုတော့ တစ်ချက်လေးမှတောင် ပြန်မကြည့်သွားခဲ့ဘူး ...။
လေယာဉ်ပေါ်လဲရောက်ရော ... သူမထိုင်ရမယ့် ခုံကိုရှာပြီး ထိုင်လိုက်တယ် .. ဖတ်ဖို့စာအုပ်ကိုလည်း ပြန်ထုတ်လိုက်တယ် ...။ နောက် .... လက်ကိုင်ပုဝါလိုချင်တာနဲ့ သူ့လက်ဆွဲအိတ်ကြီးထဲကို ကြည့်လိုက်တော့ ... သူမဟာ အံ့သြတကြီးနဲ့ ပင့်သက်ရှိုက်မိလိုက်တယ် ....။
အဲဒီ့မှာ ဘာတွေ့လဲဆိုတော့ သူမ၀ယ်ထားတဲ့ ကွက်ကီးထုတ်ပါ ...။
အမှန်ကတော့ အမျိုးသမီးဟာ သူမကွက်ကီးထုတ်ကို အိတ်မှာ ထည့်ထားလိုက်တာကို မေ့သွားပြီး ဟိုလူ ကွက်ကီးစားနေတာလဲ မြင်ရော အဲဒီ့မုန့်ထုတ်ကို သူမဟာ လို့ထင်သွားခဲ့ပါတယ် ...။ ဟိုလူကတော့ အမျိုးသမီးနဲ့ မုန့်ခွဲဝေစားဖို့ ကြိုးစားခဲ့ပါတယ်...။
တောင်းပန်ဖို့ကတော့ တော်တော်လေးကို နောက်ကျသွားပါပြီ .... အမျိုးသမီးဟာ ဖြေမဆည်နိုင်စွာနဲ့ အရာအားလုံးကို နားလည်ခဲ့ပါတယ် ...။
တကယ်တော့ ရိုင်းစိုင်းခဲ့တာဟာ သူမကိုယ်တိုင်ပါပဲ ...။ ထို့အတူ ... ကျေးဇူးကန်းသူ ... ပြီးတော့ ... မုန့်သူခိုးဟာလည်း သူမကိုယ်တိုင်ပဲ ဖြစ်နေခဲ့ပါတော့တယ် ...။
By Valerie Cox in “A Matter of Perspective”
Submitted by Tom “The Colonel” Parker
translated by အလင်္ကာမေကျော်
အဲတော့ ပျင်းပျင်းနဲ့ လေဆိပ်ထဲက စာအုပ်ဆိုင်မှာ ဖတ်ဖို့စာအုပ်တစ်အုပ်လောက် ၀ယ်ဖို့လိုက်ရှာရင်း ကွတ်ကီးအထုပ်ကြီး တစ်ထုပ်ပါဝယ်လာခဲ့ပါတယ်။
အေးအေးဆေးဆေးထိုင်ရင်း စာအုပ်ထဲမှာ စိတ်ရောက်နေပေမယ့်လည်း ဘေးနားမှာ တခုခုဖြစ်နေတာကို သူမ သတိထားမိလိုက်တယ် ..။ ဘာလဲဆိုတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ ခပ်နွမ်းနွမ်းလူတစ်ယောက်ဟာ
သူမကွက်ကီးထုတ်ထဲက ကွတ်ကီး တစ်ခုစ နှစ်ခုစကို ယူစားနေတာကို တွေ့လိုက်မိလို့ပါပဲ ...။ အမျိုးသမီးလဲ ဒီဖြစ်စဉ်ကိုမြင်တော့ မသိချင်ယောင်ဆောင်ပြီးနေလို
ဟိုလူကတော့ ဆက်တိုက်ဆိုသလို ယူပြီးစားနေတာပေါ့ ...။ အဲတော့ အမျိုးသမီးလည်း ကွက်ကီးထုတ်ထဲက ကွက်ကီးတချို့ကို ယူပြီး စားလိုက်တယ် ..။ ပြီးတော့ နာရီကိုကြည့်ပြီး ဒီလူ ငါ့ကွက်ကီးတွေကို ဘယ်လောက်တောင်များ စားလိုက်သလဲဆိုပြီး တွေးနေသတဲ့ ...။ တနုံ့နုံ့တွေးရင်းတွေးရင်းန
အမျိုးသမီး ကွက်ကီးတစ်ခုယူရင် ဟိုလူကလည်း တစ်ခုယူတယ် ..။ နောက်ဆုံး တစ်ခုပဲကျန်တော့သတဲ့ ..။ အဲတော့ အမျိုးသမီးလဲ ဟိုလူဘာဆက်လုပ်မလဲသိချင်လာသ
ဟိုလူကပြုံးပြုံးလေးနဲ့ နောက်ဆုံးကွက်ကီးကို တစ်ဝက်ချိုးပြီး အမျိုးသမီးကို လှမ်းပေးလိုက်တယ် ...။ ပြီးတော့ ကျန်တဲ့တ၀က်ကိုတော့ အဲဒီ့လူက စားလိုက်သတဲ့ ..။
အဲတော့ ... အမျိုးသမီးလည်းဟိုလူလှမ်းပေ
"အမလေး ... အမလေး ... ဒီလူတော်တော်ရိုင်းတဲ့လူပဲ ...ဒီလိုအဆင့်အတန်းမရှိတဲ့ သူခိုးမျိုးတခါမှမတွေ့ဖူးဘူ
အမျိုးသမီးဟာ သူမဘ၀မှာ ဒီလောက်စိတ်ဆိုးရတာမျိုး၊ ဒီလိုမျက်နှာပြောင်တိုက် ခံရတာမျိုး တခါမှ မဖြစ်ဖူးဘူးဆိုပြီး ဒေါသတွေထွက်နေလေတယ် ...။
သိပ်မကြာခင်မှာပဲ သူမစီးရမယ့်လေယာဉ်အတွက် ခေါ်နေပြီ ဖြစ်တာကြောင့် စိတ်ကိုဖြေပြီး ပစ္စည်းပစ္စယတွေကိုစု ... ပြီးတော့ ဂိတ်ဆီကိုထွက်သွားတယ်...။ မုန့်သူခိုးကိုတော့ တစ်ချက်လေးမှတောင် ပြန်မကြည့်သွားခဲ့ဘူး ...။
လေယာဉ်ပေါ်လဲရောက်ရော ... သူမထိုင်ရမယ့် ခုံကိုရှာပြီး ထိုင်လိုက်တယ် .. ဖတ်ဖို့စာအုပ်ကိုလည်း ပြန်ထုတ်လိုက်တယ် ...။ နောက် .... လက်ကိုင်ပုဝါလိုချင်တာနဲ့ သူ့လက်ဆွဲအိတ်ကြီးထဲကို ကြည့်လိုက်တော့ ... သူမဟာ အံ့သြတကြီးနဲ့ ပင့်သက်ရှိုက်မိလိုက်တယ် ....။
အဲဒီ့မှာ ဘာတွေ့လဲဆိုတော့ သူမ၀ယ်ထားတဲ့ ကွက်ကီးထုတ်ပါ ...။
အမှန်ကတော့ အမျိုးသမီးဟာ သူမကွက်ကီးထုတ်ကို အိတ်မှာ ထည့်ထားလိုက်တာကို မေ့သွားပြီး ဟိုလူ ကွက်ကီးစားနေတာလဲ မြင်ရော အဲဒီ့မုန့်ထုတ်ကို သူမဟာ လို့ထင်သွားခဲ့ပါတယ် ...။ ဟိုလူကတော့ အမျိုးသမီးနဲ့ မုန့်ခွဲဝေစားဖို့ ကြိုးစားခဲ့ပါတယ်...။
တောင်းပန်ဖို့ကတော့ တော်တော်လေးကို နောက်ကျသွားပါပြီ .... အမျိုးသမီးဟာ ဖြေမဆည်နိုင်စွာနဲ့ အရာအားလုံးကို နားလည်ခဲ့ပါတယ် ...။
တကယ်တော့ ရိုင်းစိုင်းခဲ့တာဟာ သူမကိုယ်တိုင်ပါပဲ ...။ ထို့အတူ ... ကျေးဇူးကန်းသူ ... ပြီးတော့ ... မုန့်သူခိုးဟာလည်း သူမကိုယ်တိုင်ပဲ ဖြစ်နေခဲ့ပါတော့တယ် ...။
By Valerie Cox in “A Matter of Perspective”
Submitted by Tom “The Colonel” Parker
translated by အလင်္ကာမေကျော်
No comments:
Post a Comment