Wednesday, September 4, 2013

^_^

တစ်နေ့မှာ ငှက်လေးတစ်ကောင်က ပျားလေးကိုမေးသတဲ့ ...
"မင်း ပျားရည်ရဖို့အတွက် အမြဲတမ်း ကြိုးစားပြီး လုပ်ကိုင်နေရတယ် ... ဒါပေမယ့် လူတွေက မင်းရဲ့ပျားရည်ကို အလွယ်တကူ ခိုးယူသွားကြတယ် ... မင်းဝမ်းမနည်းဘူးလားကွာ ..."

အဲဒီ့အချိန်မှာ ပျားလေး ပြန်ပြောတာက ....
"မဖြစ်ပါဘူးကွာ .... ဘာကြောင့်လည်းဆိုတော့ လူတွေက ငါ့ရဲ့ပျားရည်ကိုပဲ ခိုးယူသွားနိုင်တာပါ ...။ ပျားရည်ဖြစ်ဖို့ ဘယ်လိုလုပ်သလဲဆိုတဲ့ အတတ်ပညာကို သူတို့ ယူသွားနိုင်တာမှ မဟုတ်တာ ..."

author : unknown

(အလင်္ကာမေကျော်)

No comments:

Post a Comment