Wednesday, September 4, 2013

ယုံကြည်မှု



သမီးလေးတစ်ယောက်ဟာ သူ့ဖခင်နဲ့ အတူ တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့ ..။

ဖခင်ဖြစ်သူဟာ သူ့သမီးလေး ကြောက်မှာ စိုးတာနဲ့ ...
"သမီးလေး .. ဖေဖေ့လက်ကိုကိုင်ထား ... ဒါမှ ချော်မကျမှာ" လို့ပြောတယ် ...။

အဲဒီ့မှာ သမီးလေးက "မကိုင်ဘူးဖေဖေ ... ဖေဖေပဲ သမီးလက်ကိုကိုင်ထားပေးပါ" လို့ ပြန်ပြောတယ် ...။

ဖခင်လုပ်သူက နည်းနည်း စဉ်းစားရကြပ်သွားပြီးတော့ "ဒါက ဘာများကွာမှာမို့လို့လဲ သမီးရဲ့" လို့မေးသတဲ့ ...။

သမီးလေး ပြန်ဖြေတာက ...

"အကြီးကြီးကို ကွာတာပေါ့ ဖေဖေရယ် ...
သမီးသာ ဖေဖေ့လက်ကို ကိုင်ထားရင် တခုခုဖြစ်တာနဲ့ ကြောက်လန့်ပြီး လွှတ်ရင် လွှတ်ချမိမှာ
တကယ်လို့ ဖေဖေသာ သမီးလက်ကို ကိုင်ထားရင်
ဘာတွေဘယ်လိုပဲဖြစ်ဖြစ် သမီးရဲ့လက်ကို လွှတ်မှာမဟုတ်ဘူးဆိုတာ သမီးသေချာသိလို့ပါ ဖေဖေ ...." တဲ့ ....။

Author & Title : unknown

(အလင်္ကာမေကျော်)

No comments:

Post a Comment