Wednesday, September 4, 2013

ချမ်းသာခြင်းဆိုတာ

တစ်နေ့မှာ အလွန်ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့သားကိုခေါ်ပြီး ကျေးလက်ဒေသကိုခရီးတစ်ခုထွက်ခဲ့တယ် ...။ သွားရခြင်းရည်ရွယ်ချက်ကတော့ သူ့သားငယ်ကို ဆင်းရဲတဲ့သူတွေ ဘယ်လိုနေကြသလဲဆိုတာ ပြချင်လို့တဲ့ ...။
သူဌေးကြီးနဲ့သူ့သားဟာ အရမ်းဆင်းရဲတယ်လို့ထင်ရတဲ့ မိသားစုတစ်စုရဲ့ လယ်ကွင်းထဲက အိမ်လေးမှာ တစ်နေ့နဲ့တစ်ည နေထိုင်ခဲ့တယ် ...။
ခရီးကနေ အိမ်လည်းပြန်ရောက်ရော ... သူဌေးကြီးက သူ့သားကို ခရီးအခြေအနေဘယ်လိုလဲလို့မေးတယ် ...
"အရမ်းကောင်းတဲ့ခရီးလေးပေါ့ အဖေ"လို့သားကပြန်ဖြေတယ် ..။ ပြီးတော့ ဆက်ပြောကြတာပေါ့ ...။

သူဌေးကြီး - "ဆင်းရဲတဲ့သူတွေ ဘယ်လိုနေကြလဲ သားတွေ့လား"



သားဖြစ်သူ - "တွေ့တာပေါ့ ဖေဖေရဲ့"

သူဌေးကြီး - "ဒါဆို .... ဖေဖေ့ကိုပြောစမ်းပါဦး ... ဒီခရီးကနေ သားဘာများ အတွေ့အကြုံတွေ ရခဲ့သလဲ"

အဲတော့ သားဖြစ်သူက -

"သားတို့ဆီမှာ ခွေးတစ်ကောင်ပဲမွေးထားတယ် ... သူတို့ဆိမှာ လေးကောင်တောင်ရှိတယ် ဖေဖေရဲ့ ... သားတို့အိမ်မှာ ခြံလယ်လောက်အထိပဲ ရေကူးကန်ရှိတယ် ... သူတို့ဆီမှာရှိတဲ့ ချောင်းလေးကတော့ မျက်စိတစ်ဆုံးပဲနော် ... ပြီးတော့ သားတို့ ဥယျာဉ်လေးထဲမှာ နိုင်ငံခြားက ဈေးကြီးမီးပုံးတွေနဲ့ အလှဆင်ထားပေမယ့် ... သူတို့အတွက်တော့ ညမှာ လင်းလက်နေတဲ့ ကြယ်လေးတွေရှိတယ် .... သားတို့အိမ်ရဲ့ ပေါ်တီကိုဟာ အိမ်ရှေ့ဝင်းခြံအထိရှိပေမယ့် သူတို့အတွက်ကတော့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံးရှိတယ် ... သားတို့ဆီမှာ နေဖို့အတွက် မြေနေရာအနည်းငယ်ရှိပေမယ့် သူတို့အတွက်တော့ မျက်စိတဆုံးလယ်ကွင်းတွေရှိတယ် .... သားတို့မှာ ကူညီပေးဖို့ ၀န်ထမ်းတွေရှိပေမယ့် ... သူတို့ကတော့ တခြားသူတွေကို ကူညီပေးတယ် ... သားတို့ဟာ စားဖို့အစားအစာကို ၀ယ်ယူရပေမယ့် သူတို့ကတော့ သူများတွေအတွက် စိုက်ပျိုးပေးတယ် .. သားတို့အိမ်မှာ သားတို့ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ အုတ်တံတိုင်းရှိတယ် ... သူတို့မှာတော့ သူတို့ကို ကာကွယ်ပေးဖို့ အိမ်နီးချင်းတွေရှိတယ် ..."

အဲဒီ့အချိန်မှာ သူဌေးကြီးဟာ ဘာမှမပြောနိုင်တော့ပဲ နှုတ်ဆိတ်သွားခဲ့တယ် ...။

ပြီးတော့ သားဖြစ်သူ ဆက်ပြောတာကတော့ ...။
"ကျေးဇူးပဲ ဖေဖေ ... သားတို့ဘယ်လောက် ဆင်းရဲသလဲဆိုတာ ပြပေးခဲ့တဲ့ အတွက်ပါ ...." တဲ့ ....။

(How the poor live ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)

အလင်္ကာမေကျော်

No comments:

Post a Comment