Wednesday, September 4, 2013

မဟတ္တမဂန္ဒီ



အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ အကြောင်းအရာလေးတစ်ခုပါ ..။

ခေါင်းဆောင်ကြီး ဂန္ဒီ မီးရထားစီးပြီး ခရီးသွားဖို့ ရထားပေါ်တက်လိုက်တဲ့ အချိန်မှာပေါ့။
သူ့ရဲ့ဖိနပ်တစ်ဘက်ဟာ မတော်တဆနဲ့ ချော်ပြီး ရထားလမ်းပေါ်ကို ပြုတ်ကျသွားသတဲ့ ...။ ရထားကလည်း ရွေ့သွားတော့ ပြန်ကောက်လို့ မရနိုင်တော့ဘူး ...။ အဲဒီ့အချိန်မှာ ဂန္ဒီဟာ သူ့မှာ ကျန်ခဲ့တဲ့ ဖိနပ်နောက်တစ်ဘက်ကို ချွတ်ပြီး ပထမတစ်ရံနဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်ပါတယ် ...။
အဲဒီ့အဖြစ်အပျက်ကိုမြင်တော့ အနားမှာ ရှိနေတဲ့သူတွေက အရမ်းအံ့သြသွားတာပေါ့ ...။ ဘာလို့ အဲလိုလုပ်လိုက်တာလဲဆိုပြီး ၀ိုင်းမေးကြတယ် ... ။
အဲဒီ့တော့ ဂန္ဒီက ပြုံးလိုက်ရင်းနဲ့ ....
"ဒီဖိနပ်ကို တွေ့တဲ့သူက ဆင်းရဲသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် ..... အခုဆို သူ စီးဖို့ ဖိနပ်တစ်စုံ ရသွားနိုင်ပြီလေ..." လို့ ပြန်ဖြေပါသတဲ့ ...။

အလွန်ပဲ အားကျအတုယူဖွယ်ကောင်းတဲ့ စိတ်ထားမျိုးဖြစ်ပါတယ် ...။
ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ ကိုယ့်ဖိနပ်တစ်ရံသာ ဒီလိုကျသွားခဲ့မယ်ဆိုရင် နှမြောကောင်းနှမြောမယ်၊ စိတ်မကောင်းဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် ... ဖိနပ်တစ်ရံပဲကျန်ပြီး စီးထားလို့လဲ မရတော့ ရှက်ကောင်းရှက်မယ် ...။ ဒီထဲက တစ်မျိုးမျိုးပဲ ဖြစ်တတ်ကြမှာပါ ...။ တခြားလူတစ်ယောက်များ အဲဒီ့ဖိနပ်ကို ကောက်ရခဲ့ရင်ဆိုတဲ့ အတွေးမျိုးဝင်လာဖို့တောင် မေ့နေကြမှာပါ ...။

့ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုမှာ အဖြစ်သင့်ဆုံး လုပ်ဆောင်ချက်ကို အမြန်ဆုံးသုံးသပ်ပြီး ပြုလုပ်နိုင်တာရယ်၊ မိမိထက် တစ်ပါးသူအပေါ်ကို စဉ်းစားလုပ်ဆောင်ပေးနိုင်တာရယ် ... ဒါတွေဟာ ဂန္ဒီရဲ့ ထူးကဲလှတဲ့ စိတ်ရင်းနဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ် ...။

(အလင်္ကာမေကျော်)

No comments:

Post a Comment