Wednesday, September 4, 2013

ဘုရားသခင်ရဲ့ ထိုင်ခုံလက်ဆောင်


တစ်နေ့မှာ ဘုရားသခင်ဟာ ချစ်သူစုံတွဲတစ်တွဲကို ထိုင်ခုံတစ်ခုံ လက်ဆောင်ပေးခဲ့တယ် ...။

ဒီခုံရဲ့ထူးခြားချက်က ဘာလဲဆိုတော့ ခုံမှာထိုင်တဲ့သူဟာ အမှန်တရားကိုပြောရင် ခုံမှာ အစိမ်းရောင် မီးလင်းလာမယ် ...။ မုသားပြောရင်တော့ အနီရောင် မီးလင်းလာမယ်တဲ့ ...။

အဲဒီ့ထိုင်ခုံမှာ ကောင်လေး ထိုင်လိုက်တော့ ကောင်မလေးက "ငါ့ကိုချစ်လား" လို့ မေးတယ်။
ကောင်လေးက "ချစ်တာပေါ့" လို့ပြန်ဖြေလိုက်တော့ အနီရောင်မီး လင်းလာသတဲ့...။ အဲဒီ့မှာ ကောင်မလေးက "နေဦး နေဦး ..။ ဘုရားသခင် နည်းနည်းမှားသွားတာဖြစ်ပါလိမ့်မယ် ...။ နောက်တစ်ခါ ထပ်မေးကြည့်မယ်နော် ...။ ဘယ်လိုထပ်ဖြစ်မလဲ ငါတို့ကြည့်ကြတာပေါ့လို့" ပြောရင်း ထပ်မေးတယ် ...။
ကောင်မလေး - ငါ့ကိုချစ်လား?
ကောင်လေး - ချစ်တာပေါ့ကွာ
အဲဒီ့အချိန်မှာ အစိမ်းရောင်မီးလေး ဖြတ်ခနဲ လင်းလာပါသတဲ့ ...။

ပထမတစ်ခါ ကောင်မလေး မေးလိုက်တုန်းက ဘာဖြစ်လို့ အနီရောင်မီး လင်းသွားတယ်လို့ သူငယ်ချင်းတို့ ထင်ပါသလဲ ...။
တကယ်တော့ စစချင်းမှာ ကောင်လေးဟာ ကောင်မလေးကို လုံးဝမချစ်ခဲ့ပါဘူးတဲ့ ...။ ချစ်ဟန်ဆောင်ပြီး တွဲခဲ့တာပါ ...။
ဒါပေမယ့် ကောင်မလေးက ကောင်လေးအပေါ်ထားတဲ့ ဖြူစင်တဲ့ ယုံကြည်မှုကို ပြလိုက်တဲ့အချိန်မှာ .......
ကောင်လေးနှလုံးသားဟာ ကောင်မလေးကို စပြီး ချစ်သွားခဲ့ပါတယ် ...။
ဒါဟာလည်း အချစ်ပါပဲ ... !!

"တစ်ဘက်သတ်အချစ်ဟာလည်း တစ်ချိန်ချိန်တော့ အနိုင်ရသွားနိုင်ပါတယ် ..။ တကယ်လို့ ..... သင့်ရဲ့ မှန်ကန်ဖြူစင်တဲ့ အချစ်ကို သူ့နှလုံးသားမြင်အောင် ပြနိုင်ခဲ့မယ်ဆိုရင်ပေါ့ .... "

(အလင်္ကာမေကျော်)

1 comment:

  1. တစ်ဘက်သတ်အချစ်ဟာလည်း တစ်ချိန်ချိန်တော့ အနိုရင်သွားနိုပင်ါတယ် ..။ တကယ်လို့ ..... သင့်ရဲ့ မှန်ကန်ဖြူစတင်ဲ့ အချစ်ကို သူ့နှလုံးသားမြင်အောင် ပြနိုခင်ဲ့မယ်ဆိုရင်ပေါ့ ....

    ReplyDelete