Wednesday, September 4, 2013

အင်တာဗျူးတစ်ခု ဖြေဖို့သွားတယ်ဆိုပါစို့


အင်တာဗျူးတစ်ခု ဖြေဖို့သွားတယ်ဆိုပါစို့ ..။
အခန်းထဲကို ၀င်သွားတော့ သင်ထိုင်ဖို့ ခုံ မပေးထားဘူးဆိုရင် သင်ဘာလုပ်မလဲ ? တစ်ခုလောက် ရွေးလိုက်ပါလား ...။

(A) ရပ်ပဲ ရပ်နေလိုက်တော့မယ်

(B) ထိုင်စရာ ခုံတစ်ခု တောင်းမယ်

(C) ကိုယ့်ဟာကိုယ် ထိုင်ဖို့ ခုံလိုက်ရှာမယ်

(D) ထိုင်ဖို့ ခုံတစ်ခုံ ရှာရမလားလို့ အင်တာဗျုးမေးတဲ့သူတွေကို မေးမယ်

(E) ထိုင်စရာ ထိုင်ခုံ မရှိပေမယ့် ထိုင်ခုံမှာ ထိုင်နေတဲ့ပုံစံ လုပ်မယ် (ဟီး..ဟီး):P


.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
(A) သင်ဟာ အလျှော့ပေးတတ်ပြီး စိုးရိမ်ပူပန်တတ်တဲ့ လူစားမျိုးပါ ..။

(B) သင်က ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း သမားပါ။ ဒါပေမယ့် ပြဿနာတစ်ခုကို ကိုယ့်ဘာသာ တစ်ယောက်တည်း ဖြေရှင်းဖို့အတွက်တော့ လုံလောက်တဲ့ စွမ်းဆောင်နိုင်မှု ရှိပုံမရပါဘူးတဲ့ ..။

(C) သင့်မှာ ချီးကျူးထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်..။ ဒါပေမယ့် တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိရင်တော့ လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ခေါင်းမာသူ၊ အသင်းအဖွဲ့နဲ့ မလုပ်တတ်သူအဖြစ် သတ်မှတ်ကြပါလိမ့်မယ် ..။

(D) သင်က ဘာလုပ်သင့်တယ်ဆိုတာ အရင် အကြံထုတ်တယ် ...။ ပြီးတော့မှ အများနဲ့တိုင်ပင်ပြီး အဆင်ပြေအောင်လုပ်တယ် ..။ အများပူးပေါင်းဆောင်ရွက်ရတာကို နှစ်သက်တယ်။ တီထွင်ဖန်တီးမှုရှိပြီး ရဲရဲတင်းတင်း လုပ်တတ်တဲ့လူမျိုးပါ။

(E) သင်ဟာ ရယ်စရာတွေကို စဉ်းစားတတ်ပြီး အများပျော်အောင် လုပ်ပေးတတ်တဲ့ လူစားမျိုးဖြစ်ပါတယ် ..။

(ဒါမျိုးက တချို့အင်တာဗျုးတွေမှာ Psycho Test အဖြစ် လုပ်တတ်ပါတယ် ..။ ဒီနိုင်ငံမှာတော့ သိပ်မရှိလောက်ဘူး ထင်တယ် ...။ ဘာပဲဖြစ်ဖြစ် အဲလိုကြုံလာခဲ့ရင် သိထားနိုင်တာပေါ့နော် ...။ )

(အလင်္ကာမေကျော်)

No comments:

Post a Comment