Thursday, September 19, 2013

လိပ်ပြာဖြစ်စဉ်


ဇီဝဗေဒဘာသာရပ် သင်ကြားတဲ့ ဆရာတစ်ယောက်ဟာ ကျောင်းသားတွေကို ပေါက်ဖတ်ကနေ လိပ်ပြာအဖြစ် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လက်တွေ့ သင်ကြားနေပါတယ် ...။
ဆရာက နောက်နာရီအနည်းငယ်လောက်ကြာရင် လိပ်ပြာလေးဟာ ပိုးအိမ်ထဲ ကနေ ရုန်းကန်ပြီး ထွက်လာမယ်ဆိုတဲ့အကြောင်း ကျောင်းသားတွေကို ရှင်းပြခဲ့ပါတယ် ...။
ပြီးတော့ .. "လိပ်ပြာဟာ သူ့ဟာသူ ပိုးအိမ်ထဲက ထွက်လာနိုင်တယ်ဆိုတဲ့အကြောင်း၊ ဘာမှကူညီပေးဖို့မလိုဘူးဆိုတဲ့အကြောင်း" ကို ကျောင်းသားတွေကို ပြောပြီး အခန်းထဲက ခေတ္တထွက်သွားခဲ့ပါတယ် ..။

Tuesday, September 10, 2013

အမြင်နဲ့ ရှုထောင့်

လွန်ခဲ့တဲ့ နှစ်တော်တော်ကြာလောက်တုန်းကပေါ့ ... ဗြိတိန်နိုင်ငံက ဖိနပ်ထုတ်တဲ့ လုပ်ငန်းတစ်ခုဟာ သူတို့ရဲ့ အရောင်းဝန်ထမ်းနှစ်ယောက်ကို အာဖရိကကို လွှတ်ပြီး ဈေးကွက်ရနိုင်မယ့် အခြေအနေကို စုံစမ်းဖို့နဲ့  ပြန်လည်တင်ပြဖို့ တာဝန်ပေးလိုက်သတဲ့ ....။

Thursday, September 5, 2013

အလုပ် နဲ့ ပျော်ရွှင်မှု


တံငါသည် တစ်ယောက်ဟာ ကမ်းခြေနားမှာရှိတဲ့ အပင်တစ်ပင်ရဲ့ အရိပ်အောက်မှာ ထိုင်ရင်း အေးအေးဆေးဆေးပဲ ဆေးပေါ့လိပ်လေးဖွာနေတယ် ...။

အဲဒီ့အချိန်မှာ ချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက် လမ်းလျှောက်လာရင်း သူထိုင်နေတဲ့ နေရာ အနားကိုရောက်လာသတဲ့...။

ပြီးတော့ စီးပွားရေးသမားကပဲ စကားစပြီး မေးမြန်းတာပေါ့လေ ... "ခင်ဗျား အလုပ်မသွားဘူးလား ... ဘာကြောင့် ဒီအပင်အောက်မှာ ထိုင်နေရသလဲ" ဆိုပြီးတော့ပေါ့ ..။
အဲတော့ တံငါသည်က ပြန်ဖြေတယ် ... "ကျွန်တော် ဒီနေ့အတွက် ငါးတွေရပြီးသွားပြီ" တဲ့ ...။

အဲလိုလဲ ကြားလိုက်ရော .. စီးပွားရေးသမားဟာ စိတ်အလိုမကျဖြစ်သွားပြီးတော့ ဒီလိုဆက်ပြောတယ် ...

စီးပွားရေးသမား : ခင်ဗျား ဘာလို့ ငါးတွေ ထပ်ရအောင် ဆက်မဖမ်းပဲနဲ့ ဒီအရိပ်အောက်မှာ ဘာလို့ အချိန်လာဖြုန်းနေရတာလဲ?

Wednesday, September 4, 2013

ဒီတစ်ခါတော့ အဆောက်အဦးတစ်ခုထဲကိုဝင်မယ် ;)


သိပ်ပြီး စဉ်းစားစရာနေစရာမလိုအပ်ပါဘူး ... စိတ်ထဲပေါ်လာတာသာ ချက်ချင်းချရေးထားလိုက်နော် ... ။

အခု အလွန်ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးတစ်ခု အနီးအနားကို သင်ရောက်သွားတယ် ဆိုကြပါစို့ ...

၁) အဲဒါ ဘာအဆောက်အဦးများဖြစ်မလဲ?
(က) ရဲတိုက်
(ခ) ပြတိုက်
(ဂ) ဟိုတယ်

၂) သင်ဟာ အဲဒီ့အဆောက်အဦးထဲကို အောက်ပါနေရာမှ တဆင့်ဝင်သွားပါတယ်တဲ့ ... ဘယ်နေရာများဖြစ်နိုင်ပါသလဲ
(က) ပြတင်းပေါက်မှတဆင့်
(ခ) တံခါး
(ဂ) လသာဆောင်
(ဃ) မြေအောက် ဥမင်လှိုဏ်ခေါင်း

နိုင်ငံရေးသမား ဆိုတာ :P


အပတ်စဉ်ထုတ် ဂျာနယ်လေးတစ်စောင်မှ အယ်ဒီတာတစ်ယောက်ဟာ နိုင်ငံရေးသမားများကို မကျေမနပ်ဖြင့်
"နိုင်ငံရေးသမားတွေရဲ့ တစ်ဝက်လောက်ဟာ လူလည်လူလိမ်များ ဖြစ်ကြသည်"ဟူသော ခေါင်းစဉ်ဖြင့် ပက်ပက်စက်စက်ပင် ဂျာနယ်ခေါင်းကြီးပိုင်းတွင် ထည့်ရေးလိုက်သည်။

ဒါကိုဖတ်ပြီး - နိုင်ငံရေးသမားတွေတော်တော်များများ ကျိတ်မနိုင်ခဲမရ အလွန်ဒေါသထွက်သွားကြသည်။
ထိုသို့ရေးသားထားသည်ကို ပြန်ရုတ်သိမ်းပေးဖို့ အယ်ဒီတာကို အကြီးအကျယ်ဖိအားပေး တောင်းဆိုကြတော့သည်။