အသက် ငါးဆယ်လောက်ရှိတဲ့ (လူဖြူ) အမျိုးသမီးကြီးတစ်ယောက်ဟာ လူအပြည့် နီးပါးဖြစ်နေပြီဖြစ်တဲ့ လေယာဉ်ပေါ်က သူထိုင်ရမယ့် ခုံဆီကိုသွားခဲ့ပါတယ် .. ချက်ချင်းပဲ သူ့အတွက် နေရာကို မလိုချင်ပဲ ဖြစ်သွားခဲ့တယ် ...။
ဘာကြောင့်လဲ ဆိုတော့ သူထိုင်ရမယ့်နေရာဟာ (လူမဲ) အမျိုးသားကြီးတစ်ဦးရဲ့ ဘေးခုံဖြစ်နေလို့ပါပဲ ...။
ရွံရှာနေတဲ့ပုံနဲ့ အမျိုးသမီးကြီးဟာ အနားမှာရှိတဲ့ လေယာဉ်မယ်ကို ချက်ချင်းလှမ်းခေါ်ပြီး အခြားထိုင်ခုံကို ပြောင်းပေးဖို့ တောင်းဆိုခဲ့တယ် ...။
"ကျွန်မ ဒီလို လူမဲတစ်ယောက် ဘေးမှာ မထိုင်နိုင်ဘူး" လို့မိန်းမကြီးက ဆက်ပြောတယ် ...။
လေယာဉ်မယ်က "တခြား နေရာလွတ်များရှိသလားဆိုတာ ကြည့်ပေးပါ့မယ်ရှင်" ဆိုပြီး ပြန်ပြောသတဲ့ ...။
နေရာလွတ်လိုက်ရှာပြီး လေယာဉ်မယ်ပြန်ရောက်လာတယ် ...။
"အန်တီရှင့် ... Economy class မှာ ခုံလွတ်မရှိတော့ပါဘူး ...။ ဒါပေမယ့် သေချာအောင် ကျွန်မ Captain ကို တစ်ချက်မေးလိုက်ပါဦးမယ် ...။ မရှိရင်တော့တာ သေချာရင် First Class မှာများ ရှိနိုင်ဦးမလားလို့ ထပ်ကြည့်ပေးပါ့မယ်ရှင့် ...။"
ဆယ်မိနစ်လောက်ကြာတော့ လေယာဉ်မယ်ပြန်ရောက်လာပြီး -
"Captain ကတော့ Economy Class မှာ ခုံနေရာလွတ်မရှိတော့ဘူး လို့ပြောပါတယ် ... ဒါပေမယ့် First Class မှာတော့ တစ်ခုံရနိုင်ပါတယ် ...။ ကျွန်မတို့ လေယာဉ်ကုမ္ပဏီရဲ့ စည်းကမ်းအရကတော့ Economy Class က ခရီးသည်ကို First Class ကိုပြောင်းရွှေ့ပေးလေ့မရှိပါ
အမျိုးသမီးကြီး ဘာမှမပြောနိုင်ခင်မှာပဲ ... လေယာဉ်မယ်ဟာ ချက်ချင်းပဲ လူမဲအမျိုးသားကြီးဘက်ကို လှည့်ပြီးပြောလိုက်တယ် ....
"ဆရာ .. ကျေးဇူးပြုပြီး ဆရာ ယူဆောင်လာတဲ့ ပစ္စည်းတွေကို ယူခဲ့ပေးပါရှင် ... ကျွန်မတို့ ဆရာ့ကို First Class ကို ရွှေ့ပြောင်းပေးပါရစေ ... ကျွန်မတို့ Captain က ဆရာ့ကို လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်ဖြစ်အောင် ပြုလုပ်တတ်တဲ့ နှစ်မြို့ဖွယ် မကောင်းတဲ့သူတစ်ယောက်ရဲ့ အနားမှာ ခရီးစဉ်တစ်လျှောက်လုံး စိတ်မချမ်းသာဖြစ်ပြီး မလိုက်ပါစေလိုတဲ့ အတွက် ဖြစ်ပါတယ်"
အဲလိုလဲပြောလိုက်ရော ... အနီးအနားမှာရှိနေကြတဲ့ ခရီးသည်အားလုံးဟာ မတ်တပ်ရပ်ပြီး တခဲနက် လက်ခုပ်တီးကြပါတယ် ...
ဒါဟာ လူသားအချင်းချင်း ခွဲခြားဆက်ဆံတတ်တဲ့သူတွေအတွ
(မူရင်းကို အနည်းငယ် ဆီလျှော်အောင် ပြန်ရေးသားထားပါတယ်ရှင် ...)
(Author & Title : Unknown)
Translated by (အလင်္ကာမေကျော်)
No comments:
Post a Comment