ပုံပြင်တစ်ခုပြောပြမယ်နော် ....
တခါက လယ်သမားတစ်ယောက်ဟာ မုန့်ဖုတ်သမားတစ်ယောက်ဆီကို
ရက်သတ္တပတ်အနည်းငယ်လောက်လဲ ကြာရော ... မုန့်ဖုတ်သမားက လယ်သမားလာရောင်းတဲ့ ထောပတ်ကို ချိန်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ...။ ချိန်ကြည့်တော့ တွေ့လိုက်ရတာကတော့ တစ်ပေါင်မပြည့်ဘူးဆိုတာပါပဲ
အဲတော့ ဒေါသတကြီးနဲ့ လယ်သမားကို တရားရုံးမှာ သွားတိုင်တယ် ...။
တရားသူကြီးက လယ်သမားကို ထောပတ်ကို ဘာနဲ့ချိန်တွယ်လဲ ဆိုပြီး မေးတာပေါ့ ... ။
လယ်သမားက "ကျွန်တော်တို့က စာမတတ်တဲ့ တောသူတောင်သားတွေဆိုတော့ အချင်အတွယ်တွေ မသိပါဘူးခင်ဗျာ ... ဒါပေမယ့် ကျွန်တော် တစ်ပေါင်ပြည့်မပြည့် နှိုင်းယှဉ်ပြီး တိုင်းတာတစ်ခုတော့ ရှိပါတယ် ..."
အဲတော့ တရားသူကြီးက... "ဟုတ်ပါပြီ .. ပြောပြပါဦး .. ဘယ်လိုများ ချိန်သလဲ ဆိုတာကို" ဆိုပြီး မေးတယ် ...။
လယ်သမားပြန်ဖြေတာကတော့ ...
"တရားသူကြီးမင်း ခင်ဗျာ ... မုန့်ဖုတ်သမား ကျွန်တော့်ဆီမှာ ထောပတ်မ၀ယ်ခင်တည်းက ကျွန်တော်က သူ့ဆီက နေ့စဉ် ပေါင်မုန့် တစ်ပေါင်စီ ၀ယ်နေကျပါ ... နောက်တော့ မုန့်ဖုတ်သမားဟာ ကျွန်တော့်ဆီက ထောပတ်စ၀ယ်ပါတယ် ...
နေ့စဉ်ပါပဲ ... ကျွန်တော် မုန့်ဖုတ်သမားဆီက ပေါင်မုန့်ကိုဝယ်လာပြီး အိမ်မှာ အဲဒီ့ပေါင်မုန့်နဲ့ အလေးချိန်ညီမညီ ထောပတ်ကိုချိန်ပါတယ်...။ ပြီးမှ သူ့ကို ထောပတ် ပြန်သွားပို့ပေးလေ့ရှိခဲ့တာ
ဒီပုံပြင်ထဲက မုန့်ဖုတ်သမားလို လူစားမျိုးတွေက လောကမှာ အများကြီးပါပဲ ...။ သူများအပေါ်မှာ မတရားတာလုပ်ထားပေမယ့်လည်း မျက်နှာပြောင်တိုက်ပြီး ပေါ်တင်ပဲ အထက်စီးက ဆက်ဆံချင်လည်း ဆက်ဆံနေကြတာပါပဲ ...။ ရမလားလို့ လုပ်ကြည့်တာပေါ့လေ ...။
ဒါပေမယ့် "သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်" ဆိုတဲ့ နယူတန်ရဲ့ စကားလိုပါပဲ ...။
သူများကို မကောင်းကြံရင် ကိုယ့်ကို မကောင်းကြံမယ့်သူကလည်း တစ်ချိန်ချိန် ပေါ်လာမှာပဲလေ ...။ ဒါက ဖြစ်တတ်တဲ့ သဘာဝပါ ...။
ကျွန်မကတော့ အဲဒီ့လိုလူစားမျိုးတွေနဲ့ တွေ့ကြုံရတဲ့အခါ .. ကိုယ့်အပေါ်နိုင်ထက်စီးနင်းမ
(အလင်္ကာမေကျော်)
No comments:
Post a Comment