တစ်ည .....
"ဆူး" နဲ့ သူမရဲ့မေမေ စကားများကြတယ် ...။ သူမ မေမေက ဒေါသနဲ့ "ငါ့မျက်စိရှေ့က အခုချက်ချင်း ထွက်သွားစမ်း" လို့ပြောလိုက်တယ်။ "ဆူး"လဲ စိတ်ဆိုးပြီး အိမ်ကနေ ပြေးထွက်လာလိုက်တာ လမ်းရောက်တော့မှ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမပါမှန်းသတိပြုမိလို
လမ်းလျှောက်လာရင်းနဲ့ .... ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့က
ဆိုင်ရှင်က ခေါက်ဆွဲလုပ်နေရင်းကနေ ဆိုင်ရှေ့မှာ ချီတုံချတုံပုံစံဖြစ်နေတဲ့ သူမကိုမြင်သွားတော့ လှမ်းမေးသတဲ့...။
"ဟေး ... ကလေးမလေး ... တစ်ပန်းကန်လောက်စားချင်လို့
"ဟုတ်ကဲ့ ... ဒါပေမယ့် .... သမီးမှာ ပိုက်ဆံပါမလာလို့ပါ ..." ဆိုပြီး ရှက်ရွံ့စွာနဲ့ သူမ ပြန်ဖြေတယ် ...။
"ဟုတ်ပါပြီကွယ် ... သမီးအတွက် တစ်ပန်းကန် ဦးလေးကျွေးပါ့မယ်" ဆိုပြီး "လာလာ ... ဆိုင်ထဲကိုဝင်ခဲ့" ဆိုပြီး ဆိုင်ရှင်ကပြောသတဲ့ ...။
မိနစ် အနည်းငယ်လောက်လဲ ကြာရော ... ဆိုင်ရှင်က ကောင်မလေးအတွက် ခေါက်ဆွဲ ပူပူနွေးနွေး တစ်ပန်းကန်ယူလာပေးသတဲ့ ...။
ခေါက်ဆွဲ နည်းနည်းလောက်လဲ စားပြီးရော ... "ဆူး" တစ်ယောက် ၀မ်းနည်းမှုကြောင့် မျက်ရည်တွေကျလာတယ်...။
အဲဒါကိုမြင်တော့ "ဘာဖြစ်လို့လဲ သမီး" ဆိုပြီး ဆိုင်ရှင်ကမေးတယ် ...။
"ဘာမှမဖြစ်ပါဘူး ဦးလေး ... ဦးလေး သမီးအပေါ် ကြင်ကြင်နာနာဆက်ဆံတာကို တွေ့လိုက်ရလို့ပါ" လို့ "ဆူး"က မျက်ရည်သုတ်ရင်း ပြန်ဖြေသတဲ့..။
"ဦးလေးလို ခုမှတွေ့တဲ့ သူစိမ်းတစ်ယောက်တောင် သမီးအတွက် ခေါက်ဆွဲတစ်ပန်းကန်ပေးခဲ့တယ
အဲတော့ .. ဆိုင်ရှင်က သက်ပြင်းရှည်တစ်ခုကိုချလိုက
"အော် ... သမီးရယ် ... ဘာလို့အဲလိုတွေးရတာလဲ ... သမီး ပြန်စဉ်းစားစမ်း .... ဦးလေးက သမီးကို ဒီခေါက်ဆွဲလေးတစ်ပန်းကန်ကို
ဒီလိုကြားလိုက်ရတော့ "ဆူး" တစ်ယောက် အလွန်အံ့အားသင့်သွားသတဲ့ ...။
"ဘာဖြစ်လို့များ ငါမစဉ်းစားမိတာပါလိမ့် ... သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲတစ်ပန်းကန်ဟာ ငါ့ရဲ့စိတ်ကို ကျေးဇူးတစ်ခုလို တွေးမိစေခဲ့တယ် ... ဒါဆိုရင် ... ငါကလေးဘ၀တည်းက ငါ့အပေါ် ကျွေးမွေးစောင့်ရှောက်လာတဲ့
အိမ်ပြန်တဲ့လမ်းတလျှောက်လုံ
"မေမေ ... သမီးတောင်းပန်ပါတယ် ... သမီးအမှားဆိုတာသိပါတယ် ... ကျေးဇူးပြုပြီး သမီးကိုခွင့်လွှတ်ပေးပါ ..............." စသဖြင့်ပေါ့ ...။
အိမ်ရှေ့ရောက်တော့ ... ခြေလှမ်းတွေကို ရပ်လိုက်တယ် ...။ စိတ်ပူပြီး လိုက်ရှာရလို့မောနေတဲ့ပုံပေ
"ဆူး" ကိုလဲတွေ့ရော ...
"ဆူး ... သမီးလေး အထဲဝင်လေ ... ဗိုက်ဆာနေတယ် မဟုတ်လား ... သမီးစားဖို့ ထမင်းနဲ့ဟင်း အမေ ပြင်ပေးထားတယ် ... လာလာ ... ပူတုန်းလေး စားလိုက် သမီး ....." လို့ပြောတယ် ...။
ကြာကြာထိန်းမထားနိုင်တော့ပါ
{
ဘ၀မှာ ... ကျွန်မတို့တွေဟာ ကိုယ့်အတွက် တစုံတယောက်က ကောင်းကျိုးပြုလိုက်တယ်ဆိုရ
ဒါပေမယ့် .... ဆွေမျိုးတွေကိုဆိုရင် ... အထူးသဖြင့် မိဘပေါ့နော် ... သူတို့ရဲ့ ကိုယ့်အပေါ်ထားတဲ့ မေတ္တာတရားတွေ၊ ကောင်းကျိုးပြုမှုတွေကိုတော့
မိဘများရဲ့ ချစ်ခြင်းဟာ ကျွန်မတို့ မွေးဖွားလာစဉ်တည်းက လက်ခံရရှိလာတဲ့ တန်ဖိုးအရှိဆုံး လက်ဆောင်မွန်ပါ ....
မိဘများဟာကျွန်မတို့ဆီက ပြန်လည် ပေးဆပ်မှုကို မျှော်လင့်ပြီး ကျွေးမွေးပြုစုပျိုးထောင်ပေ
သူတို့ မမျှော်လင့်သော်ငြားလည်း .....
ကျွန်မတွေဟာ ကျွန်မတို့ရဲ့ မိဘများကို ဘယ်လိုခြေအနေပဲရောက်နေစေကာမ
}
{A bowl of noodles from a stranger ကို မြန်မာဘာသာပြန်ဆိုပါတယ်..။ ဗီယက်နမ် story လေးဖြစ်တယ်လို့ အင်္ဂလိပ်ဘာသာပြန်သူ Tina က ရေးသားထားပါတယ်။}
(အလင်္ကာမေကျော်)
No comments:
Post a Comment