အသက်၂၄နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ ရထားစီးရင်း ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း အော်ပြောပါတယ် .....
"ဖေဖေရေ .... ကြည့် ကြည့် .... သစ်ပင်တွေ နောက်မှာ ကျန်ခဲ့တယ် ...သိလား !!"
အဖေလုပ်သူကပြုံးလိုက်တယ် ...
အဲဒီ့တော့ အနီးမှာထိုင်နေတဲ့ စုံတွဲတစ်တွဲက ဒီ ၂၄နှစ်လောက်တောင်ရှိနေတဲ့ ကောင်လေးရဲ့ ကလေးဆန်တဲ့ အပြုအမူကို အထင်သေးတဲ့ပုံစံနဲ့လှမ်းကြည့်တယ် ...
ရုတ်တရက်ပဲ ကောင်လေးကထအော်ပြန်တယ် .....
"ဖေဖေရေ .... တိမ်တွေကိုကြည့် တိမ်တွေကိုကြည့် ... သားတို့နဲ့အတူ လိုက်လာနေတယ် !!!"
အဲဒီ့အချိန်မှာ စုံတွဲက စိတ်ပျက်လာတဲ့ပုံစံနဲ့ ကောင်လေးရဲ့အဖေကို သွားပြောသတဲ့ ....
"ဦးလေးသားကိုဆေးရုံမပြဘူးလား??"
အဲဒီ့အချိန်မှာ အဖေလုပ်သူက ပြုံးပြီး ပြောလိုက်တာကတော့ ....
"ပြပါတယ် ... ကျွန်တော်တို့ အခုပဲဆေးရုံက ပြန်လာကြတာပါ .. ကျွန်တော့သားက မွေးကတည်းကမျက်စိမမြင်ဘူးလေ .. ခွဲစိတ်ကုသမှုပြီးလို့ မျက်စိပြန်မြင်ပြီး ဒီနေ့ပဲ ဆေးရုံကဆင်းလာကြတာပါ ..."
ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ဦးတိုင်း တစ်ဦးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်ရပ်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ လူတစ်ဦးတစ်ယောက် အကြောင်းကို သေသေချာချာ ဂဃဏန မသိပဲ အစောတလျှင် ဝေဖန်မှုတွေ၊ အပြစ်တင်ကဲ့ရဲ့မှုတွေ မပြုလုပ်သင့်ပါဘူး ...။
တကယ့် အမှန်တရားအစစ်ကို သင်သိရှိလိုက်ရရင် အံ့သြခြင်းများစွာနဲ့ မှင်သက်သွားကောင်း သွားနိုင်ပါလိမ့်မယ် ....။
{author :unknown}
{title: Everyone has a Story in Life}
translated by အလင်္ကာမေကျော်
"ဖေဖေရေ .... ကြည့် ကြည့် .... သစ်ပင်တွေ နောက်မှာ ကျန်ခဲ့တယ် ...သိလား !!"
အဖေလုပ်သူကပြုံးလိုက်တယ် ...
အဲဒီ့တော့ အနီးမှာထိုင်နေတဲ့ စုံတွဲတစ်တွဲက ဒီ ၂၄နှစ်လောက်တောင်ရှိနေတဲ့ ကောင်လေးရဲ့ ကလေးဆန်တဲ့ အပြုအမူကို အထင်သေးတဲ့ပုံစံနဲ့လှမ်းကြည
ရုတ်တရက်ပဲ ကောင်လေးကထအော်ပြန်တယ် .....
"ဖေဖေရေ .... တိမ်တွေကိုကြည့် တိမ်တွေကိုကြည့် ... သားတို့နဲ့အတူ လိုက်လာနေတယ် !!!"
အဲဒီ့အချိန်မှာ စုံတွဲက စိတ်ပျက်လာတဲ့ပုံစံနဲ့ ကောင်လေးရဲ့အဖေကို သွားပြောသတဲ့ ....
"ဦးလေးသားကိုဆေးရုံမပြဘူးလ
အဲဒီ့အချိန်မှာ အဖေလုပ်သူက ပြုံးပြီး ပြောလိုက်တာကတော့ ....
"ပြပါတယ် ... ကျွန်တော်တို့ အခုပဲဆေးရုံက ပြန်လာကြတာပါ .. ကျွန်တော့သားက မွေးကတည်းကမျက်စိမမြင်ဘူးလေ
ကမ္ဘာပေါ်မှာရှိတဲ့ လူတစ်ဦးတိုင်း တစ်ဦးတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်ရပ်လေးတွေ ကိုယ်စီ ရှိကြပါတယ်။ လူတစ်ဦးတစ်ယောက် အကြောင်းကို သေသေချာချာ ဂဃဏန မသိပဲ အစောတလျှင် ဝေဖန်မှုတွေ၊ အပြစ်တင်ကဲ့ရဲ့မှုတွေ မပြုလုပ်သင့်ပါဘူး ...။
တကယ့် အမှန်တရားအစစ်ကို သင်သိရှိလိုက်ရရင် အံ့သြခြင်းများစွာနဲ့ မှင်သက်သွားကောင်း သွားနိုင်ပါလိမ့်မယ် ....။
{author :unknown}
{title: Everyone has a Story in Life}
translated by အလင်္ကာမေကျော်
No comments:
Post a Comment